Part 13

229 17 0
                                    

Offသူ့ကိုGunစကားသိပ်မပြောဘဲရှောင်နေသည်ကိုသူသိလေသည်။

Off: Gunဘယ်သွားမလို့လဲ

Gun: ကျွန်တော်မမဆီသွားမလို့ ဒီညပြန်မလာတော့ဘူး

Off: အော် အေးပါ

Gunထွက်သွားတော့Offတစ်ယောက်ထဲကျန်ခဲ့လေသည်။Gun Mookဆီကိုရောက်တော့Mookကိုပြေးဖက်ထားလေသည်။

Mook: ဘာဖြစ်လာတာလဲမောင်လေး

Gun: ဘာမှမဖြစ်ပါဘူးမမ ကျွန်တော့်ကိုခဏလောက်ထပ်ဖက်ထားပေးပါလား

MookလဲGunရဲ့ကျောလေးကိုပုတ်ကာနှစ်သိမ့်နေလေသည်။သူသိတာပေါ့ သူ့မောင်လေးကခုလိုအပြုအမူမျိုးကိုအရမ်းဝမ်းနည်းနေတဲ့အချိန်တွေမှာသာလုပ်တတ်တယ်ဆိုတာကိုပေါ့။

Mook Gunကိုခဏဖက်ထားပီးတော့မှGun Mookရင်ခွင်ထဲမှတိုးထွက်ကာဆိုဖာပေါ်မှာထိုင်လိုက်လေသည်။

Gun: မမကျွန်တော်ဒီညဒီမှာအိပ်လို့ရမလား

Mook: ရပါတယ် အိပ်ပါ ဒါနဲ့မောင်လေးဘာမှမဖြစ်ဘူးဆိုတာသေချာရဲ့လား Offကဘာပြောလိုက်လို့လဲ

Gun: ဘာမှမပြောပါဘူး ကျွန်တော်စိတ်ထဲမကောင်းလို့ပါ

အဲ့အချိန်မှာToyဝင်လာပီး

Toy: Mookရေ Mook အော် Gunလဲရောက်နေတာဘဲ

Gun: ဟုတ်ကဲ့အကို ကျွန်တော်ညအိပ်လာတာ

Toy: အော် ကောင်းတာပေါ့ မင်းမမလဲမင်းကိုလွမ်းနေတာ Gunဒီနေ့ဒီမှာနေမှာဆိုတော့အကိုတို့မုန့်လုပ်စားကြမလား

Mook: ‌အဲ့အစီအစဉ်ကောင်းတယ် မောင်လေးဘာစားချင်လဲ

Gun: မမတို့အဆင်ပြေတာဘဲလုပ်ကြပါ ကျွန်တော်ကအဆင်ပြေပါတယ်

Toy: အဲ့တာဆိုမုန့်လုပ်ဖို့လိုအပ်တာတွေသွားဝယ်ကြမယ် Gunပါလိုက်ခဲ့လေ

Gun: ကျွန်တော်မလိုက်တော့ဘူးအကို အကိုတို့ဘဲသွားပါ

Mook: အဲ့တာဆိုမမတို့သွားတော့မယ်နော်

Gun: ဟုတ်မမ

Gunကျန်ခဲ့ရင်းနဲ့Offအကြောင်းကိုတွေးနေလေသည်။

Gun: အကိုကျွန်တော့်ကိုချစ်လာအောင်ကျွန်တော်ဘယ်လိုကြိုးစားရမလဲအကို အကိုကတော့ကျွန်တော့်ကိုတခြားသူဆီဘဲတွန်းပို့နေတယ်နော်

💚အမုန်းရဲ့နောက်ကအချစ်💚Where stories live. Discover now