Offမိုးလင်းတော့သူ့ရင်ခွင်ထဲကGunကိုကြည့်ပီး
Off: ကျစ်...ငါ Gunကိုဖက်ထားမိပြန်ပီ
Off ကုတင်ပေါ်ကဆင်းပီးမျက်နှာသစ်ကာအောက်သို့ဆင်းသွားလေသည်။အောက်ရောက်တော့ဆိုဖာပေါ်မှာMookထိုင်နေသည်ကိုတွေ့ရလေသည်။
Mook: နင်နိုးလာပီလား ဘာလို့လူမှန်းသူမှန်းမသိအောင်သောက်ရတာလဲ
Off: နင့်ကြောင့်လေ နင်မှငါ့ကိုပြန်မချစ်တာ
Mook: ငါပြန်မချစ်တိုင်းအဲ့လိုလုပ်ရအောင်နင်ရူးနေတာလားOff
Off: ဟုတ်တယ် ငါရူးနေပီ နင်ငါ့ကိုပြန်ချစ်ပါMookရာ
OffပြောပီးMookကိုဖက်ထားလေသည်။Mookလဲအတင်းရုန်းပီး
Mook: ငါ့ကိုလွှတ် Offလွှတ်နော်
Off: မလွှတ်ဘူး နင်ငါ့ကိုပြန်မချစ်မချင်းငါမလွှတ်ဘူး
အဲ့အချိန်မှာGunလဲအိမ်ပေါ်ကဆင်းလာပီးToyလဲတံခါးဝမှာရောက်နေလေသည်။Gunကတော့မျက်ရည်များဝဲကာကြည့်နေပီးToyကတော့စိတ်တိုပီးOffကိုပြေးထိုးလေသည်။
ပီးတော့Toy Mookကိုဖက်ထားလိုက်ကာ
Toy: မင်းဘာလုပ်တာလဲOff
Off: မြင်တဲ့အတိုင်းဘဲလေ မင်းကိုရှင်းပြနေရအုံးမှာလား Mookနင်ကToyဖက်တော့ငြိမ်နေတာဘဲနော် ငါဖက်တော့အတင်းရုန်းနေတယ်
Toy: Mookနဲ့ငါကချစ်သူတွေ အဲ့တော့မင်းMookကိုမနှောက်ယှက်ပါနဲ့
Off: ဟုတ်လားMook နင့်ချစ်သူကToyလား
Mook: ဟုတ်တယ် နင်Toyကိုငါ့ကြောင့်မုန်းသွားမှာစိုးလို့ငါမပြောခဲ့တာ နင်အရူးထနေတာတွေရပ်လိုက်ပါတော့လား နင့်ကိုချစ်နေတဲ့တခြားသူကိုနင်ဘာလို့မြင်အောင်မကြည့်နိုင်ရတာလဲ
Off: လာပြန်ပီဒီစကား ဘယ်သူဘဲငါ့ကိုချစ်ချစ် ငါကတော့နင့်ကိုဘဲချစ်တယ် နင့်အချစ်ကိုရဖို့ငါကြိုးစားနေအုံးမှာဘဲ Toyမင်းလဲသတိထားနေ ငါကMookကိုပြန်ရအောင်ယူမှာ
Toy: မင်းအရူးထမနေနဲ့ Mookကမင်းကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး Mookကငါ့ကိုဘဲချစ်တာ
OffလဲToyစကားကြောင့်စိတ်ဆိုးကာစားပွဲပေါ်ကပန်းအိုးကိုတံခါးဆီသို့ပစ်ပေါက်ခွဲလိုက်လေသည်။