Offမိုးလင်းလို့နိုးတော့သူ့ရင်ခွင်ထဲမှာGunရောက်နေသည်ကိုတွေ့ရလေသည်။OffလဲGunရဲ့မျက်နှာလေးကိုသေချာကြည့်နေလေသည်။
နှုတ်ခမ်းဖူးဖူးလေးကစုထော်လျှက်။မျက်တောင်လေးများကလဲကော့ညွှတ်နေလေသည်။Off Gunကိုကြည့်နေရင်းနဲ့စိတ်ထဲကနေ "Gunလေးကချစ်ဖို့ကောင်းလိုက်တာ" ဟုတွေးနေမိလေသည်။
အဲ့အချိန်မှာGunနိုးလာပီးOffကိုမော့ကြည့်ကာ
Gun: ဟင် P'Offနိုးနေပီလား
Gunပြောရင်းနဲ့Offရဲ့ရင်ခွင်ထဲကထွက်လိုက်လေသည်။
Off: အင်း ခုနလေးတင်နိုးတာ Gunကအကို့ရဲ့ရင်ခွင်ထဲမှာအိပ်နေလို့အကိုမထရသေးတာ
Gun: အဲ့တာGunကအကို့ရဲ့ရင်ခွင်ထဲကိုဝင်တာမဟုတ်ပါဘူး အကိုကသာGunကိုလာဖက်တာ
Off: အကိုကစတာပါကွာ အကို့အကြောင်းအကိုသိပါတယ် အကိုကဖက်လုံးမပါရင်မအိပ်တက်လို့ပါ Gunကိုဖက်လုံးထင်ပီးဖက်လိုက်တာထင်တယ် ကဲ ထတော့မျက်နှာသစ်တော့ အကိုလဲခဏနေရင်ပြန်တော့မယ်
Gunလဲခေါင်းညိမ့်ပြလိုက်ပီးရေချိုးခန်းထဲဝင်သွားလေသည်။
Gunနဲ့Offအိမ်အောက်ကိုဆင်းလာတော့Mookကအပြင်ထွက်ရန်ပြင်ဆင်နေလေသည်။
Off: Mookနင်ဘယ်သွားမလို့လဲ
Mook: ငါဆေးရုံသွားမလို့
Gun: ကျွန်တော်လဲလိုက်မယ်မမ
Off: ငါလဲလိုက်မယ်
Mook: အေးပါ Offကားကိုဦးလေးကိုပြင်တဲ့ဆိုင်ပို့ခိုင်းထားလိုက်မယ် ခုတော့ငါ့ကားနဲ့သွားကြမယ်
Off: အေး သွားကြမယ်လေ
🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳
SingtoညကKristကိုရိုက်ခဲ့မိသည်ကိုပြန်တွေးပီးသူလွန်သည်ဟုခံစားမိနေလေသည်။ဒီနေ့တစ်နေ့လုံးလဲKristကိုမတွေ့ရသေးပါ။အမေ့ကိုမေးတော့ အပြင်ကိုလွှတ်ထားသည် ဟုပြောလေသည်။
Singtoအိမ်ရှေ့မှာကားရပ်သံကြောင့်ကြည့်လိုက်တော့Oabနဲ့Whiteတို့ဝင်လာလေသည်။
Singto: ကဲ ပြောစမ်းပါအုံး ဘာလာလုပ်ကြတာလဲ
Oab: ငါဒီနေ့ဆေးရုံသွားရမှာ ငါ့အဒေါ်နေမကောင်းလို့ဆေးရုံတင်ထားရတယ် အဲ့တာသတင်းသွားမေးမလို့ Whiteကသူ့ကိုမင်းတို့အိမ်လိုက်ပို့ခဲ့ပါဆိုလို့ လိုက်ပို့တာ