Part 17

247 15 0
                                    

Gunညကတစ်ညလုံးငိုပီးအိပ်ပျော်သွားလေသည်။မိုးလင်းတော့နိုးပီးသူ့ဘေးကိုကြည့်တော့Offရှိမနေပါ။

Gunလဲအောက်ထပ်ကိုဆင်းကြည့်တော့Offဆိုဖာပေါ်မှာအိပ်ပျော်နေလေသည်။စားပွဲပေါ်မှာဘီယာဗူးတွေကပြန့်ကျဲလျှက်။

Gunလဲဗူးခွံတွေကိုကောက်ပီးအမှိုက်ခြင်းထဲထည့်လိုက်လေသည်။အဲ့အချိန်မှာOffနိုးလာလေသည်။

Gun: အကိုနိုးပီလား

Off: မင်းမျက်လုံးကန်းနေလို့လာမေးနေတာလား

Gun: အကိုကျွန်တော့်ကိုတကယ်မုန်းသွားတာလားဟင်

Off: ဟုတ်တယ် မုန်းတာထက်တောင်ပိုသေးတယ်
မင်းကြောင့်Mookကငါ့ကိုပြန်မချစ်တာ

Gun: အဲ့လိုမဟုတ်ပါဘူးလို့ကျွန်တော်ရှင်းပြပီးပီလေဗျာ

Off: မင်းပြောတိုင်းငါကယုံမယ်လို့ထင်နေတာလား

Gun: အကိုကျွန်တော်တောင်းပန်ပါတယ်

Off: ခုမှတောင်းပန်မနေနဲ့ မင်းတောင်းပန်နေလဲMookကလက်ထပ်သွားပီကွ

Gun: အကိုကျွန်တော့်ခံစားချက်ကိုလဲနည်းနည်းလောက်ထည့်တွက်ပါအုံးလား အကိုကကျွန်တော်နဲ့ယူထားပီး ကျွန်တော့်မမကိုချစ်တဲ့အကြောင်းကိုဘဲပြောနေတာလေ

Off: မင်းနဲ့ငါယူဖြစ်အောင်လို့မင်းဘဲကြံစည်ခဲ့တာမဟုတ်ဘူးလား အဲ့နေ့ကငါမူးနေတာကိုမင်းအခွင့်ကောင်းယူခဲ့တာ

Gun: အခွင့်ကောင်းယူတာကဘယ်သူလဲအကို

Off: မင်းကငါလို့ပြောချင်တာလား ငါကယောက်ကျားလေးအချင်းချင်းကြိုက်တတ်တဲ့ကောင်မျိုးမဟုတ်ဘူးကွ

Gun: တော်ပါတော့အကိုရယ် ကျွန်တော်အရမ်းစိတ်ညစ်နေပီ

Off: ငါကမင်းထက်ပိုစိတ်ညစ်တယ်ကွ မင်းငါ့ကိုကွာပေး

Gun: မကွာပေးနိုင်ဘူးအကို ကျွန်တော်အကို့ကိုချစ်တယ်

Off: ငါကတော့မင်းကိုအရမ်းမုန်းတယ်

Gun Offစကားကြောင့်ငိုပီးအိမ်ပြင်သို့ထွက်ပြေးသွားလေသည်။သူတို့ခြံထောင့်မှာOabရဲ့ကားရပ်ထားကိုတွေ့တော့Gunရပ်လိုက်ကာကားပေါ်ကိုကြည့်လိုက်လေသည်။

💚အမုန်းရဲ့နောက်ကအချစ်💚Where stories live. Discover now