ခန်းမထဲကလက်ထပ်ပွဲမှာသတို့သားတစ်ယောက်ကတော့ပြုံးနေသလောက်တစ်ယောက်ကတော့မျက်နှာပျက်နေလေသည်။
Gun: အကိုပြုံးနေလေ မျက်နှာကိုအဲ့လိုကြီးလုပ်မနေနဲ့
Off: တောင်းပန်ပါတယ် အကိုမေ့သွားလို့ပါ
OffလဲGunပြောသောကြောင့်ပြုံးနေလိုက်လေသည်။လက်ထပ်ပွဲပီးတော့နှစ်ယောက်လုံးသူတို့ကိုလက်ဖွဲ့ထားတဲ့အိမ်ကိုသွားကြလေသည်။အိမ်ရောက်တော့
Gun: အကိုပင်ပန်းနေပီလား
Off: အင်း အကိုနားချင်နေပီ
Gun: အဲ့တာဆိုသွားနားလိုက်တော့လေ
Off: Gunရောမနားဘူးလား
Gun: ကျွန်တော်လဲနားတော့မှာ
Offတို့နှစ်ယောက်အခန်းထဲဝင်သွားကြပီးOffကကုတင်ပေါ်ကိုပစ်လှဲလိုက်လေသည်။Gunကတော့ခေါင်းအုံးလေးယူကာပြန်ထွက်ရန်ပြင်နေလေသည်။
Off: အဲ့တာကဘယ်သွားမလို့လဲ
Gun: ကျွန်တော်ဟိုဘက်ခန်းမှာသွားအိပ်မလို့ပါ
Off: ဘာလို့လဲ ငါ့ကိုမယုံလို့လား ငါမင်းကိုဘာမှမလုပ်ပါဘူး
Gun: သိပါတယ် ဒါပေမယ့်အကိုမနေတတ်မှာစိုးလို့ပါ
Off: အရင်ကလဲခဏခဏအတူတူအိပ်ဖူးနေတာဘဲကို လာ ဒီမှာဘဲအိပ်
Gun: ဟုတ်
GunလဲOffရဲ့ဘေးမှာဝင်လှဲနေလိုက်လေသည်။ခဏကြာတော့Offအရမ်းပင်ပန်းနေတယ်ထင်ပါရဲ့။အိပ်ပျော်သွားလေသည်။Gunကတော့Offမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ကာပြုံးနေလေသည်။
ပီးနောက်Offမျက်နှာလေးကိုကိုင်ကာ
Gun: ကျွန်တော်အကို့ကိုအရမ်းချစ်တယ် ခုလိုအကိုနဲ့ကျွန်တော်လက်ထပ်ရလိမ့်မယ်လို့လဲ ဘယ်တုန်းကမှမတွေးမိခဲ့ဖူးဘူး ကျွန်တော်အရမ်းပျော်တယ်အကို အကိုကျွန်တော့်ကိုချစ်လာအောင်ကျွန်တော်ကြိုးစားမှာပါ
Gunပြောနေရင်းနဲ့မှသူOffကိုချစ်တဲ့အကြောင်းရေးထားတဲ့စာအုပ်ကိုသတိရသွားလေသည်။
Gun: ဟာ စာအုပ်ကဟိုအိမ်မှာကျန်ခဲ့တာဘဲ ငါနောက်နေ့သွားယူရမယ် ဟူး....ငါမအိပ်ချင်တော့ပါလား မအိပ်တော့မယ့်အတူတူအကိုစားရအောင်တစ်ခုခုလုပ်ပေးထားမှပါ