Part 2

323 22 0
                                    

Kristတစ်ညလုံးမအိပ်ဘဲSingtoကုတင်အောက်မှာထိုင်နေလေသည်။မနက်၄နာရီခွဲတော့မှKrist Singtoရဲ့လက်ကိုလွှတ်ကာခြံထဲမှာတံမြက်စည်းလှဲနေလေသည်။

Kristတစ်အိမ်လုံးသန့်ရှင်းရေးကိုထုံးစံအတိုင်းမညီးမညူဘဲနဲ့လုပ်နေလေသည်။ဒီအိမ်မှာKristကိုခင်တွယ်တာဆိုလို့Singtoတို့အိမ်ကအိမ်ဖော်အဒေါ်ကြီးတစ်ယောက်သာရှိသည်။ခုလဲကြည့်လေKristကိုအိမ်သန့်ရှင်းရေးကူလုပ်ပေးနေလေသည်။

Krist: အဒေါ်ပင်ပန်းနေပီ ကျွန်တော့်ကိုကူမလုပ်ပါနဲ့ အဒေါ်မီးဖိုချောင်ထဲမှာဘဲပြန်သွားနေပါ

အဒေါ်: ရပါတယ်ကွယ် အဒေါ်ရဲ့အလုပ်ကပီးပီလေ Kristပင်ပန်းနေမှာစိုးလို့အဒေါ်ကူလုပ်ပေးတာပါ

Kristတို့နှစ်ယောက်အလုပ်လုပ်နေတဲ့ဆီသို့Singtoရဲ့အမေရောက်လာကာ

Singto'mom: ဟဲ့ ဟိုအကောင် ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲနဲ့ ဘာလို့ဒေါကြီးကိုခိုင်းနေတာလဲ

Krist: ကျွန်တော်မခိုင်းပါဘူး အဒေါ်ကလာကူလုပ်ပေးတာပါသခင်မကြီး

အဒေါ်: ဟုတ်ပါတယ်ကွယ် အဒေါ်ကူလုပ်ပေးတာပါ

Singto'mom: နောက်တစ်ခါကူလုပ်မပေးနဲ့ သူ့ကိုတန်ရာတန်ကြေးပေးပီးခိုင်းထားတာ အလကားခိုင်းနေတာမဟုတ်ဘူး

အဲ့အချိန်မှာSingtoရောက်လာပီး

Singto: အမေသားအပြင်သွားတော့မလို့

Singto'mom: အေးပါသားရယ် အိမ်ပြန်နောက်မကျစေနဲ့နော် ညကသားအဖေစောင့်နေသေးတယ် အမေလဲသားကိုဆူမှာစိုးလို့အတင်းအိပ်ခိုင်းလိုက်ရတယ် ခုလဲအစောကြီးအလုပ်သွားလို့သားအဆူမခံရတာ

Singto: အမေ့ကိုအဲ့တာတွေကြောင့်ချစ်နေရတာ

Singtoပြောပီးသူ့အမေပါးကိုနမ်းလိုက်လေသည်။

Singto'mom: အမေကလဲသားကိုချစ်ပါတယ်

Singto: အော် ဒါနဲ့အမေ သားညနေကြရင်ကလပ်သွားအုံးမှာ အဲ့တာလေ

Singto'mom: ဘာလဲမုန့်ဖိုးတောင်းမလို့လား

Singto: မဟုတ်ပါဘူးဗျာ သားညနေကျရင်Kristကိုခေါ်သွားမလို့

Singto'mom: ဘာလို့ခေါ်သွားမှာလဲ သူ့လိုအစေခံကောင်ကို

Singto: သားမူးလို့ကားမမောင်းနိုင်ရင်သူ့ကိုမောင်းခိုင်းမလို့ပါ ကြားလားKrist ညနေကျရင်မင်းငါနဲ့လိုက်ခဲ့ရမယ်

💚အမုန်းရဲ့နောက်ကအချစ်💚Where stories live. Discover now