Part 7

246 19 0
                                    

Singto အိပ်ယာနိုးတော့သူKristကိုဖက်ထားတာကိုသိလိုက်ရလေသည်။Singto Kristကိုဖက်ထားတာကိုလွှတ်လိုက်ပီးKristကိုနှိုးလိုက်လေသည်။

Singto: Krist Krist ထ ထ မိုးလင်းနေပီ

Krist: အင်း......ဟင် ဘယ်နှစ်နာရီဖြစ်နေပီလဲအကိုလေး

Singtoလဲဖုန်းကိုဖွင့်ကြည့်လိုက်ကာ

Singto: 9နာရီထိုးနေပီ

Krist: ဗျာ ကျွန်တော်အဲ့လောက်တောင်အိပ်ပျော်သွားတာလား ကျွန်တော်တောင်းပန်ပါတယ်အကိုလေး

Singto: မင်းကဘာလို့တောင်းပန်တာလဲ

Krist: ကျွန်တော်အိပ်ယာထနောက်ကျလို့လေ အလုပ်တွေလဲလုပ်ရအုံးမှာကို

Kristပြောပီးကုတင်ပေါ်မှဆင်းလိုက်လေသည်။Singtoလဲကုတင်ပေါ်ကဆင်းပီးKristဘေးနားကို‌သွားကာ

Singto: မင်းနေမကောင်းသေးဘူးလေ ဘာမှလုပ်စရာမလိုဘူး

Krist: ကျွန်တော်ကောင်းနေပါပီ

Singto: ကောင်းနေပီဟုတ်လား စမ်းသပ်ကြည့်ရအောင်

SingtoလဲပြောပီးKristကိုနောက်သို့တွန်းလိုက်လေသည်။တကယ်တော့SingtoကKristထိန်းနိုင်တယ်ထင်ပီးတွန်းလိုက်မိတာပါ။Kristကတကယ်ယိုင်သွားတာကိုမြင်လိုက်တော့SingtoလဲKristရဲ့ခါးကိုလှမ်းဖက်ပီးပြန်ဆွဲထားလိုက်လေသည်။

Singtoပြန်ဆွဲလိုက်တဲ့အရှိန်ကြောင့်Singtoမျက်နှာနဲ့Kristမျက်နှာနဲ့ကအရမ်းကိုနီးကပ်နေလေသည်။
SingtoလဲKristမျက်နှာလေးကိုငေးကြည့်နေမိသည်။Kristကတော့သူ့ကိုမျက်လုံးလေးပြူးကာကြည့်နေလေသည်။

Singtoရဲ့မျက်လုံးတွေကKristရဲ့နှုတ်ခမ်းရဲရဲလေးဆီသို့ရောက်သွားကာရင်ခုန်သံတွေကဝုန်းဒိုင်းကျဲလာလေသည်။

Krist: အကိုလေး ကျွန်တော့်ခါးကိုလွှတ်ပေးအုံးလေ ကျွန်တော်မျက်နှာသွားသစ်ချင်လို့

Singtoသူ့ရဲ့မျက်နှာကိုရိုက်ခတ်လာတဲ့Kristရဲ့လေသံလေးကြောင့်သတိပြန်ဝင်လာပီးKristကိုလွှတ်ပေးလိုက်လေသည်။KristလဲSingtoကိုပြုံးပြပီးအခန်းထဲကထွက်သွားလေသည်။

Singto: ငါ့ရင်တွေအရမ်းခုန်နေပါလား ငါKristရဲ့နှုတ်ခမ်းလေးကိုနမ်းချင်လိုက်တာ ဟာ ငါဘာတွေတွေးနေမိတာပါလိမ့် ရူးလိုက်တာSingtoရာ

💚အမုန်းရဲ့နောက်ကအချစ်💚Where stories live. Discover now