Part 10

13.5K 1.7K 74
                                    

၂၀၁၀ ခုနှစ်

စာတွက်နေရင်းနာရီကိုလှမ်းကြည့်လိုက်တော့ ညဉ့် ၁၁ နာရီခွဲ။ ပုံမှန်အိပ်ချိန်က ည ၁၀ နာရီခွဲထိဆိုပေမဲ့ ဒီနေ့ညတော့ရှိုင်းမအိပ်နိုင်သေး။ မနက်ဖြန်မနက်တွင် ၁၀ တန်းအောင်စာရင်းထွက်မှာကိုသိထားသောကြောင့် စိတ်လှုပ်ရှားနေမိသည်။

အမှန်တော့ကိုယ်နဲ့လည်းမသက်ဆိုင်ပါ။ ၁၀ နာရီကျော်ကျော်လောက်က ကိုနေ့ဆီဖုန်းဆက်မေးမိတော့ ၁၂ နာရီလောက်ဆိုရင်သိရမယ်တဲ့။ နောက်နာရီဝက်လောက်မှဆက်တော့မယ်တွေးရင်း သင်္ချာတစ်ပုဒ်ကိုပြန်တွက်နေလိုက်၏။ သင်္ချာတွက်နေရင်း ကိုနေ့သူငယ်ချင်းပန်းရောင်းတဲ့အစ်ကိုသွေးသစ်ကို ဖျတ်ခနဲသတိရလိုက်မိသည်။

မတွေ့ရသည်မှာ ၉ တန်းကျောင်းပိတ်ထဲက။ ၉ တန်းတစ်နှစ်လုံးတွင် ကိုယ်ကပန်း၀ယ်နေကျဖောက်သည်တစ်ဦးဖြစ်ခဲ့သူ။ ကိုနေ့ညီလေးမှန်းသိကတည်းက ပိုပေးတတ်လာသောပန်းကုံးတစ်ချို့ နှင့် တစ်ခါတစ်ရံရရှိလာတတ်သောအပြုံးချိုချိုတို့ကိုပါရင်းနှီးလာခဲ့သည်။

ရှိုင်းကားကိုမှတ်မိနေတတ်တဲ့အစ်ကိုက တွေ့တာနှင့်ခပ်သွက်သွက်လျှောက်လှမ်းလာတတ်စမြဲ။ ငွေပိုပေးမိလျှင် မျက်ခုံးလေးကျုံ့ကာမကြိုက်သလိုအရိပ်အယောင်ပြတတ်သလို တစ်ခါတရံကျွန်တော့်လက်ထဲပန်းကုံးတစ်ချို့ထိုးပေးပြီး လှည့်ထွက်သွားတတ်တဲ့အပြုအမူများ။ ဒါသည်ကစကားတို့မဆိုပါဘဲ ခင်မင်ရင်းနှီးလာခြင်းရဲ့ပုံသဏ္ဍာန်တစ်မျိုးမဟုတ်ပါလား။

၉ တန်းစာမေးပွဲဖြေခါနီးအချိန်က သူ့လက်ထဲရှိစံပယ်ပန်းကုံးအားလုံးကိုကျွန်တော့်လက်ထဲထည့်ပေးရင်း နောက်ရက်တွေမှာပန်းမရောင်းတော့ဘူးလို့အသိပေးပြောပြခဲ့စဉ် စိတ်၀ယ်လှစ်ဟာသွားသလိုခံစားချက်တို့နှင့် ပန်းဖိုးတောင်ပေးဖို့မေ့နေခဲ့သလို ပေးလည်းယူမှာမဟုတ်ဘူးဆိုတာကိုအလိုလိုသိလိုက်၏။

များပြားလှသောပန်းကုံးများကို ကားတွင်းအနည်းငယ်သာချိတ်​ပြီး ကျန်ပန်းကုံးများကိုကျောင်းဘုရားဆောင်တွင်ကပ်လှူကာ ပန်းရောင်းတဲ့အစ်ကိုတစ်ယောက်စာမေးပွဲကိုအောင်အောင်မြင်မြင်ဖြေဆိုနိုင်ရန် တောင်းဆုတစ်သီကြီးချွေခဲ့မိသူကကျွန်တော်။

ဆုံစည်းခွင့်Where stories live. Discover now