Part 41

10.7K 1.3K 120
                                    

ဂျူတီကထွက်လာပြီးကားပါကင်ကိုကြည့်မိတော့ မောင်မင်းကြီးသားကရောက်နှင့်နေပြီ။

"ဘယ်ကိုမောင်းရမလဲအစ်ကို"

"ဆေး ၁ ကိုမောင်း"

"သြော် ဆေးကျောင်းသားလေးလား ကောင်းတာပေါ့။ ကျန်းမာရေးအသိရှိတော့ပိုပြီးအဆင်ပြေတာပေါ့ဗျာ "

"ဟုတ်တယ် ဆေးကျောင်းသားလေး၊ ရယ်စရာပြောပြရဦးမယ်"

အစချီကာ ခင်မောင်ထူးသီချင်းလေးဆိုပြစဉ်ကအဖြစ်အပျက်ကိုပြောပြရင်း ရယ်မိကြပြန်သည်။

"အစ်ကိုပြောပုံအရဆို အစ်ကို့ကလေးကလည်းသံယောဇဉ်ရှိနေနိုင်ပါတယ်။ သဝန်တိုခြင်းဆိုတာက အချစ်ရဲ့ရှေ့ပြေးလေးလေ။ ကျွန်တော်လည်းကိုကို့ကိုဆိုတအားသဝန်တိုတတ်တာ၊ သူဘာဆိုတာကိုသိနေလည်း ကျားမ,မရွေးတိုနေတတ်တာပဲ။ သူကပြောတယ် သဝန်တိုတာဟာအချစ်ရဲ့ရှေ့ပြေးဖြစ်သလို မယုံကြည်ခြင်းရဲ့လမ်းစတဲ့၊ အဲစကားကိုကြား​ပြီးထဲက သူ့ရှေ့မှာသိပ်မတိုပြရဲတော့ဘူး။ သူကသူ့ကိုမယုံကြည်ဘူးပြောရင် သိပ်စိတ်ဆိုးတတ်တဲ့သူလေ၊ ဒါပေမဲ့ ဘာထူးလဲနော်အစ်ကို၊ မယုံကြည်ခဲ့မိတာမှန်နေသားပဲ ဟက်"

ကိုယ့်အပူနှင့်ကိုယ်မို့ သူ့ကိစ္စလည်းထပ်မမေးဖြစ်ခဲ့ပါ။ ခုလိုကြားရတော့လည်းစာနာခြင်းနှင့်စိတ်မကောင်းမိပြန်၏။ သေချာအကဲခတ်မိတော့ မျက်နှာလေးကပြုံးရယ်နေပေမဲ့ မျက်လုံးလေးတွေကအရင်လိုရွှင်လန်းမနေ။ မျက်တွင်းလေးတွေညိုနေပြီး အိပ်ရေးပျက်နေတာသိသာနေ၏။ ချောင်ကျသွားသောမျက်နှာလေးက ပါးရိုးလေးတွေတောင်ပေါ်နေသည်။

"တစ်ခုတော့ကြိုပြောထားမယ်နော်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်၊ အချစ်ဆိုတာအရေးပါတယ်ဆိုပေမဲ့ ဘဝဆုံးလောက်အောင်မနစ်မွန်းပစ်လိုက်ပါနဲ့။ မင်းအသက်ကငယ်ငယ်လေးရှိသေးတယ်၊ တွယ်တာစရာမိဘလည်းရှိနေသေးတယ်။ အဖိုးတန်တဲ့လူ့ဘဝကိုလည်းပိုင်ဆိုင်ထားတယ်။ ဒီလိုအချိန်မျိုးအတွက် အစောကြီးထဲကပြင်ဆင်ထားခဲ့ပြီးသားမဟုတ်လား။ ဒီတော့ မိဘစိတ်ဆင်းရဲရမဲ့အဖြစ်မျိုးမလုပ်ပါဘူးလို့ အစ်ကို့ကိုကတိပေး"

ဆုံစည်းခွင့်Where stories live. Discover now