Part 48

12.6K 1.4K 223
                                    

ဗိုလ်ချုပ်ဈေးကဆိုင်ကိုမေမေထွက်သွားချိန် အိမ်တွင်ကြီးကြီးနှင့်ကျွန်တော်ကျန်နေခဲ့၏။ မမကလည်းမနက်စောစောထဲက သူ့သူငယ်ချင်းတွေနှင့်ဘယ်ထွက်သွားမှန်းမသိ။ ထို့ကြောင့်ကြီးကြီးအလစ်တွင် အိမ်ကနေခိုးထွက်လာခဲ့သည် ။ 

အိမ်ထဲနေရတာကြာသောကြောင့် မွန်းကျပ်လာလို့ထွက်လာခဲ့ရပေမဲ့ ဦးတည်ရာမရှိ။ စိတ်တွေကရှုပ်ထွေးနေပြီးခေါင်းတွေကလည်းပူထူနေသလို အစာမရှိသည့်ရင်ကတလှပ်လှပ်ခုန်နေ၏။

ငယ်စည်ကတည်းကမုန်းတီးခဲ့တဲ့ကောင်လေးက မင်းထက်နိုင်လို့သိလိုက်ရချိန် စိတ်မှာပို၍ပူလောင်နေရသည်။ သို့ပင်မဲ့ မိသားစုရှေ့မှာတော့မပေါက်ကွဲရဲပါ။ ကျွန်တော့်ကိုမသိစေချင်တဲ့ကိစ္စ သိသွားတယ်ဆိုတာကိုမေမေသိသွားလျှင် အစိုးရိမ်လွန်ပြီးစိတ်ပင်ပန်းနေပါကမခက်ပါလား။

ခံစားချက်တွေကိုထိန်းချုပ်ပြီးဟန်မပျက်နေနေရပေမဲ့ စိတ်ထဲတွင်ဗလောင်ဆူကာမွန်းကျပ်နေ၏။ ကျွန်တော်ဘာလုပ်သင့်လဲ။ သူ့တို့ကိုတစ်ခုခုတုန့်ပြန်ချင်တယ်။ စုတ်ပြတ်သွားအောင်ဆွဲထိုးလိုက်ရမလား၊ ကွဲပြီးသားခေါင်းကိုပဲရိုက်ခွဲလိုက်ရမလားအတွေးနှင့် စိတ်ထဲမှာပူပြင်းလောင်မြိုက်နေရသည်။

ရည်ရွယ်ချက်မရှိဘဲမောင်းလာတဲ့ကားက တိုက်ခန်းတစ်ခုရှေ့အရောက်တွင် တော်တော်ကြာရပ်နေမိ၏။ ဆုံးဖြတ်ချက်ကိုချလိုက်ပြီး ကားပေါ်ကဆင်းကာအပေါ်ထပ်ဆီအားတင်းတက်လာခဲ့မိသည်။ တိုက်သစ်ဖြစ်နေခြင်းကြောင့် အခန်းတိုင်းတွင်လူမရှိပါ။ တစ်ခန်းပြီးတစ်ခန်းလိုက်ကြည့်ကာ မင်းထက်နိုင်အခန်းကဘယ်အခန်းလဲမသိတော့မှ အောက်ကိုပြန်ဆင်းလာပြီးဟိုဟိုဒီဒီကြည့်မိ၏။

ဘေးကပ်ရပ်တိုက်တွင်စတိုးဆိုင်လေးကိုမြင်လိုက်ရတော့ စီးကရက်တစ်ဗူးဝယ်ယူပြီးဆိုင်ရှင်ကိုမေးမြန်းကြည့်ရသည်။ ဆိုင်ရှင်အပြောအရ ၄ လွှာဖြစ်ဖို့များသောကြောင့် ပြန်တက်လာရပြန်၏။

မောပန်းစိတ်တို့နှင့် ၄ လွှာရောက်ချိန် တစ်ဖက်အခန်းကသော့ခတ်ထားပြီးလူနေပုံမရသောကြောင့် ဒီဘက်ကအခန်းပဲလို့တွေးလိုက်ပြီး bell ကိုနှိပ်လိုက်သည်။ ပွင့်လာသောတံခါးနောက်ကမြင်လိုက်ရသောလူကြောင့် မျက်လုံးတွေပြာသွားတဲ့အထိဒေါသကငယ်ထိပ်ကိုတက်ဆောင့်၏။

ဆုံစည်းခွင့်Where stories live. Discover now