Part 37

10.2K 1.3K 45
                                    

အစ်ကိုနှင့်နှစ်ယောက်ထဲရုပ်ရှင်ကြည့်ပြီးပြန်လာတော့ ည ၁၀ နာရီခန့်ရှိနေပြီ။ အိမ်ကိုချောချောမောမောရောက်ရှိပါကြောင်း အစ်ကို့ထံအသိလှမ်းပေးပြီးမှ ခြေလက်ဆေးအဝတ်အစားလဲပြီးစာကြည့်စားပွဲတွင်ဝင်ထိုင်လိုက်၏။

စားပွဲပေါ်တင်ထားသော အညိုရောင်ပိုက်ဆံအိတ်လေးကိုလှမ်းယူလိုက်ပြီးဖွင့်ကြည်လိုက်ချိန် သေချာထည့်ထားသောအစ်ကိုပုံလေးကိုတွေ့လိုက်ရသည်။

ဝတ်စုံပြည့်နှင့် ကိုယ်တစ်ပိုင်းပုံရိုက်ထားသောအစ်ကိုက ကျွန်တော့်ကိုရှူတည်တည်နှင့်ပြန်ကြည့်နေ၏။ ပက်ပို့စ်ရိုက်ရင်တော်ရုံမလှတတ်ကြပါ။ သို့သော်ခပ်စောင်းစောင်းကိုယ်နေဟန်ထားနှင့်ပုံထဲကအစ်ကိုက ထင်ရှားတဲ့မျက်လုံးမျက်ဖန်၊ ခိုင်မာတဲ့မေးရိုးတည်ဆောက်ထားပုံ၊ ဖြောင့်စင်းနေသောနှာတံ၊ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေနှင့်ကြည့်ကောင်းလွန်းတဲ့ယောက်ျားတစ်ယောက်အဖြစ် မျက်စိမလွှဲနိုင်အောင်ဆွဲဆောင်နိုင်စွမ်းရှိနေ၏။ 

အနားသတ်လေးတွေထင်းနေတဲ့ သပ်ရပ်တိကျသောနှုတ်ခမ်းမထူမပါးလေးကိုစိုက်ကြည့်လိုက်မိသည့်အခိုက်အတန့်မှာ နှလုံးခုန်သံတွေကမြန်ဆန်လာပြီး တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်း​ဖြစ်လာသည်။

Wtf

ပိုက်ဆံအိတ်ကိုအလန့်တ​ကြားပိတ်ချလိုက်မိပြီး မျက်ဝန်းကိုမှိတ်ချလိုက်ကာ ခပ်တိုးတိုးဆဲရေးလိုက်မိ၏။ ဒါသိပ်မသင်္ကာစရာကောင်းတဲ့ခံစားချက်ပါလား။ မူမမှန်ဘူးဆိုတာသိလိုက်သည်နှင့် ဘာလုပ်သင့်လဲအကြာကြီးစဉ်းစားနေပြီးမှ စားပွဲပေါ်က PC ကိုဆွဲယူလိုက်ကာ Google ထဲဝင်လိုက်ရသည်။

Search box နေရာတွင်ဘာရေးချရင်အဖြေရနိုင်မလဲခေတ္တစဉ်းစားလိုက်ပြီးမှ  Keyboard ပေါ်လက်ချောင်းလေးတွေတစ်ဖျတ်ဖျတ်ပြေးလွှားပြီးချိန် ထွက်ပေါ်လာသောစာသားလေးတွေကိုတစ်ချက်ကြည့်လိုက်ပြီးမှ Enter ခလုပ်ကိုနှိပ်ကာ မျက်စိကိုမှိတ်ချထားလိုက်မိသည်။

Interested in same sex?

ခဏအကြာမျက်လုံးကိုအသာဖွင့်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည်က...။

ဆုံစည်းခွင့်Where stories live. Discover now