မမနှင့်စင်ကာပူကပြန်လာပြီးသည့်နောက် ဆေးကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ရပြန်သည်။ Staff Party နှင့်ကုမ္ပဏီနှစ်ပတ်လည်အတွက်ကို ရုံးက Management အဖွဲ့ကိုပဲတာဝန်လွှဲပြောင်းပေးလိုက်၏။
မနက်ဖြန်မေမေ၊ အန်တီခင်၊ ကြီးကြီးတို့သုံးယောက်က ဗုဒ္ဓါဂါယာဘုရားဖူးခရီးကိုတတိယအကြိမ်မြောက်သွားကြမှာဖြစ်၍ မေမေ့တို့အတွက်လိုအပ်သောခရီးဆောင်ဆေးဝါးအချို့ကို ဆိုင်ကနေယူလာခဲ့ပြီးကြီးကြီးကိုပေးလိုက်၏။ ကြီးကြီးရဲ့အသက်အရွယ်က ၆၀ ကျော်ပြီဖြစ်၍ နောက်ဆိုထပ်သွားဖို့မလွယ်တော့သောကြောင့် ဒီတစ်ခေါက်တော့ ညီအစ်မသုံးယောက် ၁၄ ရက်ကြာသွားကြမဲ့ခရီးစဉ်ပါ။
ကြီးကြီးက ကျွန်တော်တို့မောင်နှစားရေးသောက်ရေးအတွက်ပူပင်နေပြီး နောက်ဆံတင်းနေလို့သွားရမှာကိုစိတ်မချဖြစ်နေရှာ၏။ အန်တီတို့အိမ်ကကြီးကြီးတင်က စီစဉ်ပေးပါ့မယ်ဆိုလာမှ စိတ်ချလက်ချသွားနိုင်ရှာပါတော့သည်။
သည်လိုနှင့် မေမေတို့ဘုရားဖူးထွက်သွားပြီးသည့်နောက် ကျွန်တော့်မှာကုမ္ပဏီနှင့်မေမေ့ဆိုင်ကြားကူးသန်းကာ အလုပ်များနေရသည်။ ဆိုင်တာဝန်ခံရှိနေလို့ ငွေသိမ်းရုံကလွဲ၍အလုပ်ကမယ်ရရမရှိပါ။ မေမေ့ဖောက်သည်များလာဝယ်လျှင် မေမေခရီးသွားတဲ့အကြောင်းပြောပြပြီး ဧည့်ခံစကားပြောရတာကလွဲလို့ထွေထွေထူးထူးမရှိပြန်ပါ။
အောက်ထပ်ဆင်းပြီးကော်ဖီသောက်လိုက် ဖုန်းသုံးလိုက်ဟိုဒီငေးလိုက်နှင့်ညနေခင်းအချိန်များကိုကုန်ဆုံးနေရသည်။ Center ပိတ်ချိန်ရောက်မှငွေသိမ်း၊ ဆိုင်ကိုပိတ်ကာအိမ်ကိုပြန်၊ နောက်တစ်နေ့ဘဏ်မှာငွေသွားသွင်း။ ဤသို့ဖြင့် ပထမရက်သတ္တပတ်ကိုဖြတ်သန်းကုန်ဆုံးခဲ့လေသည်။
*******************************
"ဟေ့ ရှိုင်း၊ ဘာတွေလုပ်"
အသံကြောင့်မော့ကြည့်လိုက်တော့သာသာ။
"လာထိုင်၊ ဘယ်ကနေလှည့်လာတာလဲ"
မေမေ့ဆိုင်မှာပျင်းပျင်းနှင့်ဖုန်းထိုင်ကြည့်နေစဉ် ကောင်မလေးတစ်ယောက်နှင့်ရောက်ချလာတဲ့သာသာက ကျွန်တော့်ဘေးခုံတွင်ဝင်ထိုင်လိုက်ရင်းမှ...။
YOU ARE READING
ဆုံစည်းခွင့်
Romanceစစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)