မနက်ထဲက လူ ၅၀စာ Breakfastရော၊ Lunchရောဆက်နေသောကြောင့် Kitchen ထဲကနေမထွက်နိုင်ကြသေးပါ။ ဒါတောင်ဒီနေ့မှာ Check out တွေများပြီးအဝင်နည်းခြင်းကြောင့် အနည်းငယ်သက်သာနေခြင်းဖြစ်သည်။ ညနေ ၆နာရီအချိန်ကစပြီးဟိုတယ် Staff party အချိန်ဖြစ်၍ အစားအသောက်အတွက်လည်းပြင်ဆင်နေရပြန်သေး၏။
Buffet ကျွေးမှာဖြစ်သောကြောင့် အဆင်သင့်ထည့်ပေးထားရုံသာ။ Waiter လေးတွေက စားရင်းနှင့်စောင့်ကြည့်ရန်သာရှိသည်။ သူဌေးဖိတ်ထားသောဧည့်သည်ဝိုင်းက ၃ ဝိုင်းထဲဖြစ်၍ ထိုဝိုင်းတွေအတွက်သီးသန့်ကြည့်ရှု့ပေးဖို့ Waiter သုံးဦးထားပေးထားမည်။ ဝန်ထမ်းတွေကကိုယ်တိုင်ယူစားစနစ်ဖြင့် တစ်ခါသုံးပန်းကန်ခွက်ယောက်များနှင့်မို့ Kitchen အတွက်အလုပ်မပိုတော့ပါ။ အသောက်အတွက်ကအချိုရည်သာခွင့်ပြုထားသဖြင့် သံဗူးတွေကိုအသင့်ချပေးထားလိုက်မည်။
ဧည့်သည်ဝိုင်းတွေအတွက်က Bar တာဝန်မို့ စိတ်တော့မပူပါ။ ဒီနေ့ဝင်တဲ့ Tour ကလူသိပ်မများပါ။ ဒါ့အပြင် ဒီည Dinner ကိုကလောမြို့ထဲမှာစီစဉ်ခဲ့ထားသဖြင့် ဟိုတယ်မှာတာဝန်မပိုတော့ပါ။ ဒါကြောင့်လည်းစိတ်အေးနေရသည်။
Dinner စားပြီးပြန်လာချိန်မှ ကျွန်တော်တို့ Party ကို Join နိုင်ကြောင်း သူဌေးကကမ်းလှမ်းထားပေမဲ့ နိုင်ငံကြီးသားများကအလိုက်တသိငြင်းပယ်ကြပါသည်။ သို့သော် ဝန်ထမ်းတွေရဲ့ပျော်ရွှင်ပွဲမို့ ကြည့်လိုကြသေးသည်ဆိုသောကြောင့် Restaurant အပြင်ဘက်ဝရံတာတွင်သီးသန့်ထိုင်ရန် ထိုင်ခုံများချပေးခိုင်းထား၏။
ကျွန်တော်တို့ Party ကဝရံတာကနေကြည့်ရင် အနိမ့်ပိုင်းဘက်တွင်ကျ၏။ အပေါ်ကနေစီးကြည့်ရင်မြင်ကွင်းကအလွန်လှသည်။ အနိမ့်ဘက်ကျသောကန်ရေပြင်နှင့်မနီးမဝေးမြက်ခင်းကျယ်တစ်ခုလုံးကို နေရာယူထား၏။ စားပွဲဝိုင်း ၁၀ ဝိုင်းခင်းထားပြီး သီးသန့် ၃ ဝိုင်းကိုဘေးဘက်တွင်ခပ်ခွာခွာပြင်ထားရသည်။
ထိုဝိုင်းတွေက သူဌေးမိတ်ဆွေတွေအတွက်ဖြစ်သောကြောင့် အပြင်အဆင်ကအစသီးသန့်ထားရသည်။ ဒီဘက် ၇ ဝိုင်း ကဝန်ထမ်းများထိုင်ရန်ဖြစ်ပြီး စားပွဲပေါ်တွင် Department အလိုက်ထိုင်ရန်ကဒ်လေးတွေချပေးထား၏။ ဝန်ထမ်းက ၇၀ ခန့်သာရှိပေမဲ့ အလှည့်ကျကောင်တာစောင့်ရမဲ့သူများကအချိန်းအပြောင်းရှိသောကြောင့် စည်းကမ်းတကျသွားလာကြရန်ကြိုတင်တာဝန်ချပြီးသားပါ။
YOU ARE READING
ဆုံစည်းခွင့်
Romanceစစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)