Part 1

1K 59 0
                                    

Offတစ်ယောက်မှန့်ရှေ့မှာပြင်ဆင်နေသည်မှာအချိန်1နာရီခန့်ရှိနေပီဖြစ်သည်။Offကအရမ်းအသန့်ကြိုက်တဲ့သူတစ်ယောက်ပါ။ ချမ်းသာပီးရုပ်ချောတော့ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတဲ့သူပေါ့။သူ့ကိုလာရောသမျှမိန်းကလေးတွေကိုလဲအလွတ်မပေးတတ်သူတစ်ဦးပေါ့။မိန်းက‌ေလးတစ်ယောက်ကိုတစ်ပတ်ထက်ပိုပီးမတွဲတတ်ပါဘူး။

Offတစ်ယောက်အလုပ်သွားရန်ပြင်ဆင်ပီးတော့ အိမ်အောက်ကိုဆင်းလာပီးမနက်စာစားရန်စားပွဲမှာထိုင်လိုက်ပါတယ်။

Off: ဒေါ်လေး ညီလေးမနိုးသေးဘူးလား

အဒေါ်: မနိုးသေးဘူးကွဲ့ နှိုးလို့လဲမရဘူး 5မိနစ်ဆိုပီးပြန်အိပ်နေလေရဲ့ ဒေါ်လေးထပ်နှိုးလိုက်မယ်လေ

Off: နေနေ ဒေါ်လေး ကျွန်တော်ဘဲသွားနှိုးလိုက်ပါ့မယ်

Offတစ်ယောက်အပေါ်ထပ်ကိုတက်သွားပီးညီငယ်လေး၏အခန်းတံခါးကိုသော့အပိုဖြင့်ဖွင့်ဝင်သွားလေသည်။အိပ်ယာထက်တွင်စောင်ခြုံပီးကွေးနေသောညီငယ်ဖြူလုံးလေးအားအတင်းနှိုးရပါတော့သည်။

Off: ညီငယ် ထတော့လေ ကျောင်းစတက်ရက်မှာနောက်ကျချင်လို့လား ခုထတော့ နောက်ကျနေပီ

New: ကိုကိုကလဲနောက်ငါးမိနစ်ဘဲ

Off: မရဘူး အခုထ မထရင်ကိုကို ညီလိုချင်တဲ့ကားအသစ်ဝယ်မပေးဘူးနော်

New: ညီထရင်ကိုကိုကတကယ်ဝယ်ပေးမှာလား
Off: ဝယ်ပေးမယ် ခုထတော့ဝက်ပုတ်ကောင်လေး
ဦးလေးကားနဲ့ကျောင်းလိုက်ပို့လိမ့်မယ် ကိုကိုကအလုပ်သွားတော့မယ်နော်အလုပ်နောက်ကျနေပီ
ဟုပြောကာညီလေး၏ဆံပင်များကိုထိုးဖွရင်းထွက်လာခဲ့တော့သည်။

Gunတစ်ယောက်ကတော့ကျောင်းစတက်ရမည့်နေဖြစ်သည့်အတွက်အစောကြီးထကာပြင်ဆင်နေလေရဲ့။ပြင်ဆင်ပီးတော့တစ်ဖက်ခြံကိုကျောပိုးအိတ်ကိုလွယ်ပီးအပြေးသွားပါတော့တယ်။

Gun: P' Tay ကျွန်တော့်ကိုကျောင်းလိုက်ပို့ နောက်ကျတော့မယ်

Tay: အေးပါကွာ ကော်ဖီလေးတော့သောက်ပါရစေအုံး

Gun: မြန်မြန်သောက်နော် Gunကစောစောရောက်ပီးသူငယ်ချင်းအသစ်တွေရှာရအုံးမှာ

Tay: အေးပါကွာ လာ သွားကြရအောင်
Gunတစ်ယောက်ကတော့Tayကားပေါ်မှာတက်ကြွစွာနဲ့ပါသွားပါတော့တယ်။ Gun ကP'Tayကိုအရမ်းကိုခင်တွယ်ပါတယ်။ P'Tayကလဲသူ့ကိုညီလေးအရင်းလိုအရမ်းချစ်တယ်လေ။Gun မိဘတွေမရှိထဲကGunကိုP'Tayကအရမ်းကိုအလိုလိုက်ပီးသည်းခံခဲ့တယ်။ခုP'Tayကအသက်25ဖြစ်နေပီလေ။P'Tayကိုမတော်တရော်လူတွေနဲ့တွေ့မှာGunအရမ်းစိုးရိမ်တယ်။Gunအ‌တွေးတွေထဲနစ်မျောနေတုန်းP'Tayအသံကြားလိုက်ရလေသည်။

Tay: ရောက်ပီ Gunလေး

Gun: ဟုတ်P'Tay ညနေလဲလာကြိုနော်
Tayပြုံးပြပီးခေါင်းညိမ့်လိုက်သည်။Gunတစ်ယောက်ကတော့ကျောင်းထဲကိုပျော်ရွှင်စွာဝင်သွားပါတော့သည်။

နောင်တမရှိတဲ့အချစ်Where stories live. Discover now