Part 15

421 37 0
                                    

Offတစ်ယောက်Panကိုမြင်တော့Gunရဲ့ပုခုံးလေးကိုဖက်ကာ

Off: ငါ့ကို ကိုကိုလို့မခေါ်နဲ့တော့ နင်နဲ့ငါဘာမှမပတ်သတ်တော့ဘူး ခုငါ့မှာငါ့ချစ်သူရှိနေပီ ငါသူ့ကိုဘဲအရမ်းချစ်တယ်

Pan: မိန်းကလေးတွေနဲ့တောင်ကြာကြာမတွဲတတ်တဲ့သူကယောက်ကျားလေးနဲ့ရော ဘယ်လောက်ကြာကြာတွဲနိုင်မှာလဲ

Off: ငါGunကိုတကယ်ချစ်တာ ပီးတော့လက်ထပ်ဖို့ထိလဲရည်ရွယ်ပီးသား အဲ့တော့ငါတို့ကိုမနှောက်ယှက်ပါိနဲ့တော့

Pan: Panကနှောက်ယှက်တာမဟုတ်ပါဘူး ကိုကိုရယ် အဲလေ P' Offရယ် Sorryနော် ကိုကိုလို့ခေါ်နေကြဆိုတော့နှုတ်ကျိုးနေလို့ပါ(နင့်နှုတ်သီးပါချိုးပစ်ရမှာအစစ်မရဲ့😒😒😒)

Off: မင်းပြောစရာကုန်ပီမို့လား လာကလေးသွားကြမယ် ဟုပြောကာGunအားလက်ဆွဲပီးထွက်သွားလေတော့သည်။

Gunကိုမုန့်ဆိုင်ထဲခေါ်သွားပီးမုန့်များမှာထားကာGunမျက်နှာလေးအားOffတစ်ယောက်ငေးကြည့်နေလေသည်။

Off: Papiiရဲ့ကလေးလေးစိတ်ညစ်သွားတာလားဟင်

Gun: ဟုတ်တယ်Papii ဟိုအမပြောသလိုဘဲ Gunကယောက်ကျားလေးလေ Papiiကြာကြာချစ်နိုင်ပါ့မလား GunကိုPapiiထားသွားမှာအရမ်းကြောက်တယ်

Off: မဟုတ်တာတွေတွေးမနေပါနဲ့ကလေးရယ် ကိုက ကလေးကိုအရမ်းချစ်တာလေ ဘာလို့ထားသွားရမှာလဲ ပီးတော့ကလေးကို ကိုလိုက်ပြစရာနေရာတစ်ခုရှိသေးတယ်

Gun: ဘယ်နေရာလဲPapii

Off: မပြောပြဘူးလေ Supriseပေါ့ ကလေးမုန့်စားပီးရင်သွားကြမယ်နော်

GunလဲOffရဲ့supriseကိုအရမ်းကိုသိချင်နေသောကြောင့်မုန့်ကိုမြန်မြန်စားပစ်လိုက်လေသည်။

Gun: သွားကြရအောင်Papii

Off: ကလေးကအရမ်းစိတ်ဝင်စားနေပုံဘဲ ကဲ သွားကြမယ် ဟုပြောကာကားလေးပေါ်တက်ပီးမောင်းထွက်သွားလေသည်။

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

လမ်းတစ်လမ်းရဲ့ခြံအကျယ်ကြီးထဲကို Offကားမောင်းပီးဝင်သွားလေသည်။ခြံထဲမှာကားကိုရပ်လိုက်ပီးကားပေါ်မှနှစ်ယောက်လုံးဆင်းလာကြလေသည်။

နောင်တမရှိတဲ့အချစ်Where stories live. Discover now