Part 3

446 52 0
                                    

Offတစ်ယောက်အလုပ်ကပြန်လာတော့အရင်လိုညီလေးထွက်မကြိုတာကိုအံ့ဩနေမိသည်။ပြန်မရောက်သေးလို့များလား ဟုတွေးမိပီးကားပေါ်ကဆင်းလိုက်သောအခါ ဒန်းပေါ်တွင်ထိုင်ကာပြုံးနေသောညီငယ်လေးအားတွေ့လိုက်ရလေသည်။

Off: ညီ ညီ

Offခေါ်နေသည်ကိုကြားပုံမရပါ။သူ့ဘာသာသူပြုံးဖြီးနေလေသည်။OffလဲNewအနားကိုသွားကာ ညီ ဟုခေါ်ပီးပုခုံးကိုပုတ်လိုက်လေသည်။

New: ဟင် ကိုကိုပြန်ရောက်ပီလား ညီကကိုကို့ကိုကြိုဖို့စောင့်နေတာ

Off: တော်ပါ ကိုယ့်အကိုတစ်ယောက်လုံးကားနဲ့ဝင်လာတာတောင်မသိရအောင်ဘာတွေများစိတ်ကူးယဉ်နေလဲကောင်လေး

New: ဟာ ကိုကိုကလဲ ဘယ်မှာစိတ်ကူးယဉ်နေလို့လဲ ကိုကို့ကိုစောင့်နေတာပါဆို ဟု မျက်နှာလေးရဲကာဆိုနေလေတော့သည်။

Off: ဟုတ်ပါပီကွာ ကိုကိုရေချိုးပီးရင်အပြင်ခဏပြန်ထွက်အုံးမှာ လိုက်အုံးမှာလား

New: မလိုက်တော့ဘူးကိုကို ညီအတွက်ပီဇာဝယ်ခဲ့အုံး

Off: အေးပါညီရာ လာအိမ်ထဲဝင်ကြမယ်

New: ဟုတ်ကိုကို ဟုပြောကာညီအစ်ကိုနှစ်ယောက်အိမ်ထဲဝင်သွားလေတော့သည်။

Tayကားမောင်းရင်းဖုန်းဝင်လာသဖြင့်ဖုန်းကိုင်လိုက်လေသည်။သူငယ်ချင်းတစ်ယောက်ဆီမှဖုန်းဖြစ်သည်။

Tay: ခုလား .......အေးပါကွာ လာခဲ့ပါ့မယ် ဒါဘဲနော်
ဟုပြောကာဖုန်းချလိုက်လေသည်။

Tay: Gunလေးရေ P'Tayသူငယ်ချင်းနိုင်ငံခြားကပြန်ရောက်လို့အဲ့တာသူ့ဆိုင်ကိုခဏလာခဲ့ပါတဲ့ အကိုသွားမှာညီရောလိုက်အုံးမလား

Gun: Shopping Mallနားကဆိုင်လားP'Tay

Tay: ဟုတ်တယ်လေ

Gun: အာ့ဆိုလိုက်ခဲ့မယ်လေ GunလဲShopping Mallမှာဝယ်စရာလေးတွေရှိသေးလို့

Tay: ဟုတ်ပါပီ အဲ့တာဆိုလဲညီ့ကိုအဲ့မှာချပေးပီးမှအကိုသွားမယ်လေ ပြန်ရင်ဝင်ခေါ်မယ်နော်

Gun: ဟုတ်P'Tay

Tayတစ်ယောက်Shopping Mallရှေ့မှာကားကိုရပ်ပီးGunကိုချပေးလိုက်လေသည်။Gunဝင်သွားတော့မှTayကားမောင်းပီးထွက်သွားလေတော့သည်။

နောင်တမရှိတဲ့အချစ်Where stories live. Discover now