အတန်းထဲတွင်ဆရာစာသင်နေသည်ကိုကျောင်းသားအားလုံးစိတ်ဝင်တစားသင်ကြားနေကြသည်။Newတစ်ယောက်ကတော့တံခါးဝကိုငေးကာမှိုင်နေလေသည်။
ဆရာ: Newဆရာစာသင်နေတယ်လေ သေချာအာရုံစိုက်ပါ
ဆရာပြောနေသော်လဲNewကတော့ငေးလို့မှိုင်လို့ကောင်းနေတုန်းပင်ဖြစ်သည်။ဆရာပြောသည်ကိုသူမကြားရပေ။သူ့ခေါင်းထဲတွင်အတွေးပေါင်းစုံဝင်ရောက်နှောက်ယှက်နေလေသည်။
Gun: New ဟေ့ရောင် New ဟုခေါ်ကာလက်တို့လိုက်မှ ပြာပြာသလဲပြန်ကြည့်ပီး
New: ဘာလဲဟင်Gun
Gun: မင်းကိုဆရာစကားပြောနေတယ်လေ ဟုတိုးတိုးလေးပြောလိုက်လေသည်။
ဆရာ: New ဘယ်တွေအာရုံရောက်နေတာလဲ စာသင်ခန်းထဲမှာစာကိုဘဲအာရုံထားပါ စာမေးပွဲကအရမ်းနီးနေပီနော်
New: ဟုတ်ကဲ့ဆရာ
ဆရာလဲစာဆက်သင်နေလေသည်။အတန်းချိန်ပီးတော့မုန့်ဆိုင်ခဏဝင်ထိုင်ကြလေသည်။
Gun: Newမင်းဘာဖြစ်နေတာလဲ နေမကောင်းဘူးလား
New: ကောင်းပါတယ်ကွာ ငါဘာမှမဖြစ်ပါဘူး
Gun: ငါ့ကိုမလိမ်နဲ့New ငါ့ကိုအမှန်အတိုင်းပြောပါ
New: ငါမင်းကိုမေးစရာရှိတယ် အမှန်အတိုင်းဖြေပေးပါလား
Gun: မေးလေ ဘာမေးမလို့လဲ
New: မင်းP'Tayအပေါ်ဘယ်လိုသဘောထားလဲ
Gun: P'Tayကငါ့အကိုအရင်းမဟုတ်ပေမယ့်ငါ့ကိုငယ်ငယ်လေးထဲကညီအရင်းလိုချစ်တာ ငါလဲသူ့ကိုငါ့ရဲ့အကိုအရင်းတစ်ယောက်လိုချစ်တာပေါ့
New: သေချာလို့လားGunရယ် မင်းဟိုနေ့ကကိုကို့ကိုပြောတာကိုငါကြားပါတယ်
Gun: ဟေ့ ဟေ့ အဲ့တာကိုအတည်ထင်မနေနဲ့နော် မင်းအကိုကိုငါအမြင်ကတ်လို့ရွဲ့ပြောလိုက်တာ ငါနဲ့P'Tayကတကယ်ညီအကိုတွေလိုဘဲချစ်ကြတာ
New: ငါ့ကိုကိုလိုလူချောမျိုးကိုမင်းကဘာလို့အမြင်ကတ်ရတာလဲ မင်းကသာအမြင်ကတ်နေတာငါ့ကိုကိုကတော့မင်းမှမင်းဖြစ်နေတာနော် သူကမင်းကိုအရမ်းကိုချစ်နေတာ ငါ့ကိုကိုသနားပါတယ် ပြန်ချစ်လိုက်ပါလား

YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။