Offနဲ့Newဆိုင်ထဲကထွက်သွားတော့မှGunတစ်ယောက်ဆိုင်ထဲကိုအပြေးအလွှားဝင်သွားလေတော့သည်။
Gun: P'Tay P'Tay
Tay: ဘာဖြစ်လာတာလဲGun အထိတ်တလန့်နဲ့
Gun: ခုနNewလား
Tay: ဟုတ်တယ်လေ ကားလာဝယ်တာ
Gun: သူနဲ့ပါလာတဲ့တစ်ယောက်ကိုP'Tayသိလား သူတို့ကဘာတွေလဲ
Tay: Newသူငယ်ချင်းဖြစ်တဲ့မင်းတောင်မသိတာငါကဘယ်လိုသိမှာလဲ Newကအဲ့လူကိုတော့ကိုကိုလို့ခေါ်နေတာဘဲ
Gunရင်ထဲထိတ်သွားလေသည်။P'Offနဲ့Newနဲ့ကဘာတွေလဲ။Tay:ဒါနဲ့Gunဘာလာလုပ်တာလဲ
Gun: အော် Newကဒီလကုန်သူ့မွေးနေ့ကိုP'Tayကိုဖိတ်ခိုင်းလို့ ခုနသူမပြောသွားဘူးလား
Tay: မပြောသွားဘူး အပျော်တွေလွန်နေလို့မေ့သွားတာနေမှာ(Tayတင်းနေပီလေ🤧)လကကုန်တော့မယ်လေဒီနေ့ဘဲ27ရက်ဖြစ်နေပီ
Gun: အဲ့တာကြောင့်P'Tayဆီလာတာလေ လက်ဆောင်သွားဝယ်ရအောင်လိုက်ခဲ့နော်
Tay: ဆိုင်ပိတ်တဲ့အထိခဏစောင့်ပါကွာ ဒီနေ့ဆိုင် စောစောပိတ်လိုက်မယ်လေ အဲ့တော့ခဏလေးထိုင်စောင့်အုံးဟုပြောကာအလုပ်ပြန်လုပ်နေလေတော့သည်။
နောက်တစ်နေ့ကျောင်းရောက်တော့Gunတစ်ယောက်Newကိုမေးချင်နေလေသည်။ဒါ့ကြောင့်
Gun: Newမင်းမနေ့ကP'Tayဆီမှာကားလာဝယ်တယ်ဆိုNew: ဟုတ်တယ်လေ မွေးနေ့ရောက်တော့မှာမို့လို့ကိုကိုကကားလက်ဆောင်ဝယ်ပေးတာ ဒါပေမယ့်ခုမမောင်းခိုင်းသေးဘူးကွ စာမေးပွဲဖြေပီးမှမောင်းရမယ်တဲ့လေ ကိုကိုကတကယ့်ငရစ် ပီးရင်ငါ့ကိုမချစ်တာလဲမဟုတ်ဘဲနဲ့
Gun: ဟိုလေ ငါမေးရင်စိတ်မဆိုးနဲ့နော်
New:မေးလေ ဘာမေးမှာလဲ
Gun: အဲ့ကိုကိုဆိုတဲ့တစ်ယောက်ကP'Offလားဟင်
New: ဟင် မင်းကကိုကို့ကိုသိတယ်လား
Gun: အင်းအပြင်မှာမတော်တဆဆုံဖူးတာပါ ဒါပေမယ့်မင်းနဲ့ချစ်သူဖြစ်နေလိမ့်မယ်လို့ထင်မထားမိဘူး
Gunစကားကြောင့်Newတစ်ယောက်သောက်နေသည့်ကော်ဖီတောင်သီးသွားလေသည်။
YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။