Part 4

407 51 0
                                    

💖နောင်တမရ

Newတစ်ယောက်P'Tayအကြောင်းများကိုGunမှတစ်ဆင့်စုံစမ်းလာခဲ့သည်မှာကျောင်းတောင်ပထမနှစ်ပီးတော့မည်ဖြစ်သည်။

သို့သော်P'Tayနှင့်စကားရင်းနှီးစွာပင်မပြောဖူးခဲ့သေးပါ။Gunကိုကျောင်းပို့ကျောင်းကြိုအချိန်များတွင်သာP'Tayမျက်နှာလေးအားငေးကြည့်ခွင့်ရလေသည်။

သို့သော်သူစိတ်မပျက်ပါ တစ်နေ့တော့အဆင်ပြေသွားလိမ့်မယ်ဟုသူယုံကြည်ထားလေသည်။ခုလဲသူGunကိုP'Tayအကြောင်းကိုအစ်အောက်ပီးမေးကြည့်ရအုံးမည်။

New: Gunမင်းအကိုအသက်ဘယ်လောက်ရှိပီလဲ

Gun: 25ကျော်ပီ ဘာဖြစ်လို့လဲ

New: သူကလူပျိုကြီးဘဲလုပ်တော့မှာလား သူ့မှာချစ်သူရှိတယ်လို့မင်းကြားမိလား

Gun: မကြားမိပါဘူးကွာ P'Tayကအရမ်းရိုးတာကွ အစွဲအလမ်းလဲအရမ်းကြီးတယ် သူ့မှာသူအရမ်းချစ်ရတဲ့ကလေးဆိုတဲ့တစ်ယောက်ရှိတယ်လို့တော့ပြောဖူးတယ်

Gunစကားကြောင့်Newရင်ထိတ်သွားလေတော့သည်။

New: မင်းငါ့ကိုတစ်ခါမှလဲမပြောဖူးပါလားကွ

Gun: ငါ့အကိုရဲ့အကြောင်းအရာမှန်သမျှကိုမင်းကိုလိုက်ပြောနေရမှာလားကွ မင်းကငါ့အကိုမိန်းမမို့လို့လား

Newတစ်ယောက်ကတော့Gunပြောတဲ့စကားကိုစိတ်မဆိုးမယ့်အပြင်ပြုံးဖြီးနေလေတော့သည်။မင်းပြောသလိုဖြစ်ရင်တော့ကောင်းမှာပေါ့ကွာ ဟုတွေးနေမိလေတော့သည်။

New: ဒါနဲ့အဲ့ကလေးဆိုတဲ့တစ်ယောက်ကဘယ်သူလဲ၊ ဘယ်ကလဲ၊ နာမည်ကရောဘယ်သူလဲ

Gun: အဲ့တာတော့ငါလဲမသိဘူးကွ၊ တကယ်တော့ငါမပြောနဲ့P' Tayတောင်သေချာမသိဘူး

New: ဟင် သူချစ်တဲ့သူကိုတောင်သေချာမသိဘူးတဲ့လား

Gun: ဟုတ်တယ် သူ13နှစ်အရွယ်လောက်ကတရုတ်ပြည်ကဦးလေးဆီအလည်သွားရင်းတွေ့ခဲ့တဲ့ကောင်လေးလို့‌ပြောတာဘဲ တစ်ခါဘဲတွေ့ဖူးတာတဲ့ အဲ့ထဲကပြန်မတွေ့တော့တာ

New: မင်းအကိုကအစွဲအလန်းကြီးလိုက်လားကွ

Gun: ဟုတ်တယ်ဟေ့ကောင်ရေ

နောင်တမရှိတဲ့အချစ်Where stories live. Discover now