Gunတစ်ယောက်အိပ်ခန်းထဲရောက်တော့ အားရအောင်ငိုချလိုက်လေသည်။မနက်ဖြန်ကျောင်းပိတ်ရက်ဖြစ်တာကြောင့်Gunငိုရလွန်းလို့မထနိုင်လဲဘာမှမဖြစ်ဘူးလေ။
မနက်ရောက်တော့ 11နာရီထိုးသည့်တိုင်အောင်မထနိုင်သေးပါ။ညကအရမ်းငိုထားတဲ့အရှိန်ေကြာင့်ခေါင်းလဲအရမ်းကိုက်နေလေသည်။ထိုအချိန်တွင်Newထံမှဖုန်းဝင်လာလေသည်။
Gun: အေး Newပြော
New: ငါမင်းဆီအလည်လာချင်လို့ ငါအရမ်းပျင်းနေလို့ကွ ငါ့ကိုမင်းအိမ်လိပ်စာပြောလေနော် ငါလာခဲ့မယ်
Gun: မင်းတစ်ယောက်ထဲလာမှာလား
New: အေးပေါ့ ငါတစ်ယောက်ထဲလာမှာ
Gun: အဲ့တာဆိုပီးရော ငါအိမ်လိပ်စာပို့လိုက်မယ် ဟုပြောကာဖုန်းချပီးအိမ်လိပ်စာကိုMessageပို့လိုက်လေသည်။Gunလဲရေချိူးရန်ရေချိုးခန်းထဲသို့ဝင်သွားလေသည်။
ရေချိုးပီးအဝတ်အစားလဲကာအောက်ထပ်သို့ဆင်းပီးဒေါ်လေးကိုအအေးဖျော်ခိုင်းကာအအေးသောက်နေလေသည်။ထို့အချိန်တွင်Newထံမှဖုန်းထပ်ဝင်လာပီးတံခါးလာဖွင့်ရန်ပြောသဖြင့်တံခါးသွားဖွင့်ပေးလေသည်။
Gun: ပြောပါအုံး ပိတ်ရက်တောင်အိမ်မှာမနေရတဲ့အကြောင်းလေး
New: မင်းကိုသတိရလို့လေကွာ မင်းကညကလဲနှုတ်တောင်မဆက်ဘူးပြန်သွားတယ် ငါလဲMiniကိုမနည်းခွာနေအောင်ပြောနေရတာနဲ့ မင်းတို့ပြန်သွားတာမသိလိုက်ဘူး Sorryပါကွာ
Gun: ရပါတယ်ကွာ ငါလဲခေါင်းမူးလို့ပြန်သွားတာ
New: ခုရောသက်သာရဲ့လား မင်းမျက်လုံးတွေဖောင်းပီးရဲနေတယ် ငိုထားတာလား
Gun: ငါကဘာလို့ငိုရမှာလဲ ငါသက်သာသွားပါပီကွ
New: အေးပါ ဂရုစိုက်အုံး အော် ဒါနဲ့မင်းတို့ညီအကိုငါ့ကိုလက်ဆောင်လဲမပေးဘဲပြန်သွားတာလေ အဲ့တော့လာတောင်းရတာပေါ့ကွ
Gun: အေးပါကွာ ပေးပါ့မယ် ခဏစောင့်ဟုပြောကာအခန်းထဲဝင်သွားလေသည်။ခဏကြာတော့ ဘူးလေးတစ်ဘူးကိုကိုင်ကာထွက်လာလေသည်။
Gun: မင်းကြိုက်ရဲ့လားတော့မသိဘူး ငါလဲအဆင်ပြေတာဝယ်လာတာ
Newဖွင့်ကြည့်လိုက်တော့ရှုးဖိနပ်လေးဖြစ်လေသည်။
YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။