Gunတစ်ယောက်ကတော့ဗိုက်ဆာဆာနဲ့ကော်ဖီနှင့်မုန့်ကိုပလုတ်ပလောင်းစားသောက်နေလေတော့သည်။စားပီးလို့မော့ကြည့်လိုက်တော့ဟိုလူကြီးသူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရလေသည်။
Gun: ဒီမှာလူကြီး ကျုပ်ကိုစိုက်ကြည့်မနေနဲ့ ပိုက်ဆံကျုပ်ရှင်းမှာပါ
Off: ကိုယ်ရှင်းမှာပါ ကလေးရှင်းစရာမလိုပါဘူး
Gun: အဲ့တာဆိုဘာလို့စိုက်ကြည့်နေတာတုန်း မကျေနပ်တဲ့အကြည့်တွေနဲ့
Off: ဟောဗျာ မဟုတ်ရပါဘူး ကလေးနှုတ်ခမ်းမှာကော်ဖီတွေပေနေလို့ကြည့်နေတာပါ ငြိမ်ငြိမ်နေကိုယ်သုတ်ပေးမယ် ဟုပြောကာGun၏နှုတ်ခမ်းပေါ်ရှိကော်ဖီများပေနေသည်ကိုသုတ်ပေးလိုက်လေသည်။
Gunတစ်ယောက်သူနှုတ်ခမ်းကိုလာထိပီးသုတ်ပေးလိုက်တဲ့Offကိုပြူးကြောင်ကြောင်လေးကြည့်နေလေသည်။Offကတော့သူ့လက်မှာပေနေတဲ့Gunနှုတ်ခမ်းပေါ်ကကော်ဖီကိုပါးစပ်ထဲထည့်လိုက်လေသည်။
Gun: ခင်ဗျားမရွံဘူးလား သောက်ချင်ရင်ကျွန်တော်ဝယ်တိုက်ပါမယ်
Off: ကိုယ်ကကလေးနှုတ်ခမ်းကပေနေတာကိုဘဲစားချင်တာ အရမ်းချိုတယ်
Gun: ဟင် ကော်ဖီကအခါးပါ ဘယ်လိုလုပ်ချိုမှာလဲ
Off: ကော်ဖီကချိုတယ်လို့မပြောမိပါဘူးနော် ကလေးနှုတ်ခမ်းကချိုတာ
Gunတစ်ယောက်Offစကားကြောင့်ရှက်ပီးမျက်နှာတစ်ခုလုံးရဲလာလေသည်။Offကတော့Gunရှက်နေသည်ကိုကြည့်ပီးသဘောကျနေလေသည်။
Gun: ပြန်ကြရအောင်လူကြီး
Off: အိမ်အထိလိုက်ပို့ပေးမယ်နော်ကလေး ဒါနဲ့ကလေးနဲ့ကိုယ်တစ်ခါတွေ့ဖူးတယ်လေမှတ်မိသေးလား
Gun: မှတ်မိသားဘဲ
Off: အဲ့တာဆိုဘာလို့ကိုယ့်ကိုခင်ဗျား ခင်ဗျားနဲ့ခေါ်နေတာလဲနာမည်ခေါ်လေ P'Offလို့ခေါ်နော်
Gun: ဟုတ်P'Off သွားကြရအောင်နော်
Offကားမောင်းပီးGunကိုအိမ်ရှေ့ထိလိုက်ပို့လေသည်။Gunကားပေါ်ကဆင်းပီး
Gun: ကျေးဇူးပါနော်P'Off
Offပြုံးပြရင်းခေါင်းညိမ့်လိုက်လေသည်။
YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။