Part 2

542 55 0
                                    


Gunတစ်ယောက်ကျောင်းရောက်တော့အတန်းချိန်ကနီးနေသောကြောင့်အတန်းထဲဝင်ထိုင်နေလေသည်။အတန်းချိန်ရောက်တော့ဆရာကလဲစာဝင်သင်နေလေသည်။ထိုအချိန်တွင်အသားဖြူဖြူအရပ်ရှည်ရှည်နှင့်ကောင်လေးတစ်ယောက်ကျောပိုးအိတ်လေးလွယ်ကာအခန်းတံခါးဝကိုအပြေးဝင်လာလေသည်။

New: ဆရာဝင်ခွင့်ပြုပါ

ဆရာ: ခုမှကျောင်းစဖွင့်တာကိုကျောင်းနောက်ကျနေပီ လာခဲ့ ဟိုကျောင်းသားသစ်နားသွားထိုင်

Newလဲဆရာပြောတဲ့ကျောင်းသားသစ်နားသွားထိုင်ပီးကျောင်းသားသစ်လေးအားပြုံးပြလိုက်လေသည်။စာသင်ချိန်ပီးတော့Gunကစတင်မိတ်ဆက်လိုက်လေသည်။

Gun: ငါ့နာမည်ကGun မင်းနာမည်ကရော

New: ငါ့နာမည်ကNew မင်းကကျောင်းသားသစ်လားဘာလို့ကျောင်းပြောင်းလာတာလဲ

Gun: ဟိုကျောင်းကလူတွေကငါ့ကိုအနိုင်ကျင့်ကြလို့ပြောင်းလာတာ

New: အော် အေးပါ အဲ့တာဆိုမင်းနဲ့ငါနဲ့သူငယ်ချင်းဖြစ်သွားပီပေါ့နော်

Gun: အေးပါ ဟုပြောကာပါးချိုင့်များပေါ်အောင်ပြုံးပြလိုက်လေတော့သည်။

New: မင်းကပါးချိုင့်လေးနဲ့ချစ်စရာလေးဘဲ လူကလဲသေးသေးလေး ကလေးလေးနဲ့တူတယ်ဟုဆိုကားခေါင်းကိုပုတ်လိုက်လေသည်။

Gun: မင်းလဲချစ်စရာလေးပါကွာ မင်းအတန်းထဲဝင်လာထဲကကောင်မလေးတွေအကြည့်ကမင်းဆီမှာဘဲ

New: အဲ့လောက်လဲမဟုတ်ပါဘူးကွာ ကဲ ပြန်ကြရအောင် ငါ့ဦးလေးလာကြိုနေလောက်ပီ မင်းရောလာကြိုမယ့်သူရှိလား ငါပြန်ပို့ပေးရမလား

Gun: ရပါတယ်ငါ့အကိုလာကြိုမှာ

New: အဲ့တာဆိုသွားကြရအောင် ဟုဆိုကာကျောင်းပြင်သို့စကားတပြောပြောနဲ့ထွက်လာကြတော့သည်။

အပြင်ရောက်တော့Gunက Newဟိုကားကငါ့အကိုကား မင်းနဲ့တစ်ခါထဲမိတ်ဆက်ပေးမယ်လာခဲ့ ဟုဆိုကာအတင်းဆွဲခေါ်သွားလေတော့သည်။

Gun: P'Tayကျွန်တော်ရောက်ပီ ဟုပြောသောအခါကားတံခါးဖွင့်ပီးTayထွက်လာတော့သည်။

Newတစ်ယောက်ကတော့ကားပေါ်ကဆင်းလာတဲ့smartကျကျနဲ့လူအားငေးကြည့်နေမိလေသည်။ အသားကအရမ်းမဖြူသော်လဲအရမ်းကြည့်ကောင်းနေလေသည်။ရုပ်ရည်အရပ်အမောင်းအပြစ်ပြောစရာမရှိပါ။နှုတ်ခမ်းလေးကလဲကကြီးပုံစံလေးနှင့်ဆွဲဆောင်မှု့အပြည့်ရှိနေလေသည်။ Newရင်ထဲမှာတော့ကုလားဘုရားလှည့်သလိုရင်ခုန်သံတွေဆူညံနေလေတော့သည်။

Gun: New New New
ခေါ်မရတဲ့အဆုံးNewလက်မောင်းအားဆွဲလှုပ်လိုက်ခါမှ

New: ဟင် အဲ ပြောလေGun

Gun: ဒါငါ့အကိုP'Tay P'TayဒါGunသူငယ်ချင်းNew
Tayကတော့ပြုံးကာအကို့ညီလေးကိုစောင့်ရှောက်ပါနော် သူကအရမ်းအားငယ်တတ်လို့ ဟုပြောလိုက်လေသည်။

New: စိတ်ချပါအကို ကျွန်တော်စောင့်ရှောက်ပါ့မယ်

Tay: အင်း ကျေးဇူးပါညီ အကိုတို့သွားတော့မယ်နော်

New: ဟုတ်ကဲ့

Tayပြုံးပြကာ‌ကားမောင်းထွက်သွားလေတော့သည်။Newတစ်ယောက်ကတော့ထိုကားလေးမျက်လုံးရှေ့ကပျောက်သွားသည်အထိကြည့်နေမိလေတော့သည်။ငါရင်တွေအရမ်းခုန်နေပါလား ငါP'Tayကိုချစ်မိနေပီထင်တယ်ဟုတွေးကာပြုံးဖြီးနေလေတော့သည်။

တစ်ဖက်မှာလဲTayကတော့ငါဒီကောင်လေးကိုမြင်တာနဲ့ဘယ်လိုကြီးခံစားနေမိတာပါလိမ့်

သူကိုစိုက်ကြည့်နေသောမျက်လုံးဝိုင်းဝိုင်းလေးတစ်စုံအားသူပြန်မြင်ယောင်နေမိလေတော့သည်။အဲ့ကောင်လေးကချစ်စရာလေးဘဲဟုတွေးမိလေသည်။

ပီးမှ ဟင် ငါဘာတွေတွေးနေမိပါ့လိမ့် ငါရှာနေတဲ့ငါ့ရဲ့အရမ်းချစ်ရတဲ့ကလေးအပေါ်ကိုမတရားရာများကျနေပီလား မဟုတ်ဘူး ခုနကောင်လေးကဘာမှမဟုတ်ဘူး ငါရှာနေတဲ့ငါ့ရဲ့ကလေးကသာချစ်ဖို့အကောင်းဆုံးဟုတွေးကာ Newဆိုသည့်ကောင်လေးအားခေါင်းထဲမှထုတ်ပစ်လိုက်လေတော့သည်။

နောင်တမရှိတဲ့အချစ်Where stories live. Discover now