Offတစ်ယောက်Gunကိုတွေ့ရန်အကြိမ်ကြိမ်ကြိုးစားသော်လည်းသူ့ကိုစကားမပြောဘဲအမြဲရှောင်ထွက်သွားသောGunကြောင့်စိတ်ညစ်ရလေသည်။Gunနှင့်စကားသေချာပြောကာရှင်းပြချင်လေသည်။
တကယ်တော့သူGunနဲ့တွေ့ကတည်းကဘယ်မိန်းကလေးနဲ့မှမပတ်သတ်ခဲ့တော့ပါ။Panကိုလဲသူအဲ့နေ့ထဲကဖြတ်ခဲ့သည်။ဘာဘဲဖြစ်ဖြစ်ပါ သူGunနဲ့တွေ့ရဖို့ကညီလေးကိုသာအပူကပ်ရပေတော့မည်။
Off: ညီ စာတွေလိုက်နိုင်ရဲ့လား
New: လိုက်နိုင်ပါတယ်ကိုကို စာမေးပွဲကဖြေရတော့မှာလေ
Off: အေးပါစာကြိုးစားနော် ညီတစ်ယောက်ထဲစာကျက်ရတာပျင်းရင်Gunကိုပါခေါ်ကျက်ရင်ကျက်လေ အဖော်ရတာပေါ့
Gun: ညီလဲခေါ်ပါတယ် သူကသူ့အိမ်မှာဘဲကျက်ချင်တယ်တဲ့ နောက်(၂)ရက်လောက်ကျရင်P'Tayကတရုတ်ပြည်ကိုသွားမှာလေ သူ့ကိုအကြိုအပို့လုပ်မယ့်သူမရှိလို့ညီနဲ့လာနေခိုင်းတာကိုမလာဘူးတဲ့
Off: Tayကိုပြောကြည့်ခိုင်းမယ်ဆိုရင်ရော
New: ဟုတ်သားဘဲ ညီမေ့နေတာP'Tayကိုပြောခိုင်းရမယ် ဒါနဲ့နေပါအုံး ကိုကိုခုတစ်လော Gunအကြောင်းဘဲမေးနေတယ်နော် ကိုကိုသူ့ကိုစိတ်ဝင်စားနေတာလား
Off: ညီကလဲဘာတွေမေးနေတာလဲ
New: ညီ့ကိုအမှန်အတိုင်းပြောလို့ရပါတယ်ကိုကို ညီ့လဲကိုကို့ကိုရင်ဖွင့်ချင်တာရှိတယ် ညီမှာညီချစ်ရမယ့်သူရှိတယ် သူကတော့သိတောင်သိရဲ့လားမသိပါဘူးကိုကိုရယ်
Off: ညီချစ်ရမယ့်သူကTayလား
New: ဟင် ကိုကိုဘယ်လိုသိတာလဲ
Off: ကိုကိုကညီရဲ့ကိုကိုပါ သိတာပေါ့ ညီဖွင့်ပြောမယ့်နေ့ကိုစောင့်နေတာ ကိုကိုအတင်းအကျပ်မေးရင်ညီစိတ်ညစ်မှာစိုးလို့လေ ကိုကိုညီ့ကိုနားလည်ပေးနိုင်ပါတယ်
New: ကျေးဇူးပါကိုကိုရယ် ဒါနဲ့ညီမေးတာကိုဖြေအုံးလေ ကိုကိုGunကိုစိတ်ဝင်စားနေတာလားလို့
Off: ဟုတ်တယ်ညီ ကိုကိုသူ့ကိုလက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့တာ သူအခုကိုကို့ကိုအထင်လွဲနေတယ် စကားလဲမပြောဘူး ဒါကြောင့်ကိုကိုတို့အိမ်မှာနေရင်ကိုကိုနဲ့တော့ခဏဖြစ်ဖြစ်စကားပြောရမှာဘဲလေ ကိုကို့ကိုကူညီပါအုံးညီ

YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။