ကလင်........ကလင်.......ကလင်(ဖုန်းမြည်သံ😁)
Newဖုန်းကိုကြည့်လိုက်လေတော့Tayဖုန်းဖြစ်နေလေသည်။Newဖုန်းကိုင်လိုက်ပီး
New: ဟယ်လို
Tay: တော်ပါသေးရဲ့ ကလေးဖုန်းကိုင်ပါ့မလားလို့စိုးရိမ်နေတာ ခုကလေးအိမ်မှာလား
New: ဟုတ်တယ်အကို
Tay: တစ်ယောက်ထဲလား
New: ဟုတ်ကဲ့အကို ဘာဖြစ်လို့လဲ
Tay: အကိုကလေးကိုလွမ်းလို့ပါ အပြင်ခဏသွားကြမလား ကလေးအရင်တစ်ခါကအကိုနဲ့လျှောက်လည်ချင်တယ်ဆို အဲ့တာခုသွားကြမယ်လေနော်
New: အကိုဆိုင်မသွားဘူးလား
Tay: မသွားပါဘူး ကလေးနဲ့ဘဲလျှောက်လည်ချင်တာ အကိုလာခေါ်မယ်နော် အဆင်သင့်ပြင်ထားနော်ကလေး ဟုပြောကာဖုန်းချလိုက်လေသည်။
New: ဘာလဲဟ ပြောချင်ရာပြောပီးဖုန်းချသွားတယ် ဟုပြောကာမျက်နှာကတော့ပြုံးစိစိဖြစ်နေလေသည်။Tayလာခေါ်မည်ဟုပြောသောကြောင့်Newရေချိုးခန်းထဲဝင်ပီးရေချိုးကာ သန့်ပြန့်နေအောင်ပြင်ဆင်ထားလေတော့သည်။ခဏကြာတော့Tayရောက်လာလေသည်။
Tay: ကလေးသွားရအောင်လေ
New: ဟုတ်ကဲ့အကို ဟုပြောကာကားပေါ်တက်ပီးTayကားေလးမောင်းထွက်သွားလေသည်။ကားလေးကကစားကွင်းထဲကိုမောင်းဝင်သွားလေသည်။ကစားကွင်းထဲရောက်တော့နှစ်ယောက်လုံးကားပေါ်ကဆင်းလိုက်လေသည်။
New: အကိုဘာလို့ကစားကွင်းကိုခေါ်လာတာလဲဟင်
Tay: ကလေးနဲ့အတူတူလာချင်လို့လေ လာသွားကြရအောင် ဟုပြောကာNewလက်လေးကိုဆွဲပီးလမ်းလျှောက်နေလေသည်။
Tayစိတ်ထဲက "ကလေးရယ် အကို့ကိုကေလးပြန်မှတ်မိအောင်အကိုကြိုးစားမှာပါ" ဟုတွေးနေလေသည်။Newကတော့ကလေးလေးတစ်ယောက်လိုပျော်ရွှင်နေလေသည်။ကစားနည်းပေါင်းစုံကိုလဲTayနှင့်အတူလျှောက်ဆော့နေလေတော့သည်။
New: အကို Newဆော့လို့ဝပီ ပြန်ကြရအောင်
Tay: ဟိုနားကခုံလေးမှာခဏနားပီးရင်ပြန်မယ်လေနော် ကလေးမောနေပီမဟုတ်လား
YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။