Tayတစ်ယောက်ကတော့February 14မှာသူ့ကိုနှစ်တိုင်းဒီကစားကွင်းထဲမှာတွေ့ချင်ပါတယ်လို့ပြောခဲ့တဲ့ကလေးငယ်လေးအားစောင့်နေလေသည်။သူနှစ်တိုင်းစောင့်နေသော်လည်းတစ်နှစ်မှရောက်မလာပါ။
Tayလဲထိုကလေးငယ်ကိုနောက်တစ်နှစ်သာစောင့်ရတော့မည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်သူ့အိမ်ကနောက်နှစ်မှအဲ့ကလေးကိုရှာမတွေ့ရင်သူတို့သဘောတူထားတဲ့သူနဲ့ယူရန်အမိန့်ချလိုက်လေသောကြောင့်ဖြစ်လေသည်။
ကိုကို့ဆီမြန်မြန်ပြန်လာပါတော့ကလေးငယ် ဟုရေရွတ်ကာပုံဆွဲစာအုပ်လေးကိုရင်ဝယ်ပိုက်ပီးကစားကွင်းထဲတွင်စောင့်နေလေသည်။
🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡
လွန်ခဲ့သော(12)နှစ်ခန့်က
Tayတို့မိသားစုတရုတ်ပြည်ရှိဦးလေးတို့မိသားစုဆီသို့အလည်လာခဲ့လေသည်။ဦးလေးတို့မိသားစုကသူတို့မိသားစုကိုကစားကွင်းသို့လိုက်ပို့လေသည်။ကစားကွင်းထဲ၌ကလေးတစ်ယောက်သစ်ပင်အောက်မှာစာအုပ်လေးပိုက်ကာငိုနေလေသည်။Tay: မေမေ သားဟိုကလေးလေးဆီမှာခဏလောက်နေခဲ့ချင်လို့ ဘာလို့ငိုနေတာလဲမသိဘူး သနားပါတယ်
Tay'mom: မေမေလိုက်ပို့မယ်လေ အကိုတို့ခဏစောင့်ကြအုံးနော် ဟိုကလေးလေးဘာလို့ငိုနေတာလဲသွားမေးမလို့ ဟုပြောကာTayတို့သားအမိထိုကလေးငယ်လေးဆီသို့ထွက်လာလေသည်။
Tay: ကလေးလေး ဘာလို့ငိုနေတာလဲဟင် ကိုကို့ကိုပြောပြပါလား
Baby: သားဆော့နေရင်းနဲ့ချော်လဲတာခြေထောက်နာသွားလို့
Tay'mom: သားမိဘတွေရောမပါဘူးလား
Baby: ပါတယ် သားကဒီနားမှာဆော့ချင်သေးတယ်ဆိုလို့ သားကိုကို့ကိုဟိုဘက်တွေလိုက်ပြနေတာ
Tay'mom: သားအန်တီတို့နဲ့လိုက်ခဲ့မလား သားမိဘတွေကိုကူရှာပေးမယ်လေ
Baby: ရတယ်အန်တီ မေမေနဲ့ဖေဖေကဒီနားမှာဘဲနေပြန်လာခေါ်မယ်လို့ပြောသွားတယ်
Tay: မေမေ ဦးလေးတို့နဲ့သွားရင်သွားလိုက်လေ သားဒီမှာခဏကျန်ခဲ့မယ် ညီလေးတစ်ယောက်ထဲမထားခဲ့ချင်လို့
Tay'mom: အေးပါ အဲ့တာဆိုလဲဘယ်မှမသွားနဲ့နော် ဒီနားမှာဘဲနေ ပီးရင်မေမေတို့ပြန်လာခေါ်မယ်
YOU ARE READING
နောင်တမရှိတဲ့အချစ်
Fanfictionအရေးအသားညံ့ခဲ့ရင်ခွင့်လွှတ်ပေးကြပါ ဝါသနာပါလို့ရေးရခြင်းဖြစ်ပါသည်။