Part 1

31K 1.3K 354
                                    


#ZG

"မလာနဲ့!!!!!!!"

ကဲ မနက်မိုးလင်းပြီဆို ဂျောင်ဂုဆိုတဲ့ကောင်လေးရဲ့အသံနဲ့ ဘော်ဒါတစ်ဆောင်လုံးနိုးနေပြီးသား...။

"ကဲ အမောင်ကွတ် ထပ်ပြီးအိပ်မက်ဆိုးပဲလား''

ဘေးအခန်းကဂျီမင်က ပန်ဒါမျက်လုံးဖြင့်အခန်းတံခါးကိုထောက်လျက်မေးလာသည်

"ဟီး အေးကွ''

"ချီး မက်နေ ပြီးရင် သရဲကားကိုမကြည့်ရမနေနိုင်နဲ့ အခုစာလုပ်ရတော့မယ် ညကအိပ်တာညဥ့်နက်ပါတယ်ဆို ''

ပွစိပွစိပြောသွားတဲ့ ဂျီမင်းကိုကြည့်ရင်း သွားတွေကိုပဲဖြီးပြလိုက်ရတော့သည်

ဂျီမင်းကတော့လက်ခလယ်ကိုအားရပါးရထောင်ပြရင်း သူ့အခန်းထဲသူဝင်သွားသည်....။

ဂျီမင်းသွားမှဂျောင်ဂုလဲ ရေမိုးချိုးရန်အတွက်ရေချိုခန်းထဲဝင်ကာ ရေပန်းကိုဖွင့်လျက်ရေချိုးနေမိသည်...။ဘယ်လောက်ကြာကြာချိုးမိနေမှန်းမသိ အပြင်ကတံခါးခေါက်တော့မှ ခါးအောက်ပိုင်းကိုသဘက်ပတ်ကာထွက်လာလိုက်သည်

"အာ ဆရာမ''

"မင်းအခုမှရေချိုးတာလား ညကကျက်ခိုင်းထားတဲ့စာတွေရော ရပြိလား မနက်စာစားပြီးအလွတ်ဖြေရမှာသိတယ်နော်''

"ဟုတ်''

မျက်နှာကညှိုးကျသွားတဲ့ဂျောင်ဂု

*ခွပ်*

စာလုပ်ရမှာပျင်းတဲ့သူ့တပည့်ကို လက်ခေါက်စာကောင်းကောင်းလေးကျွေးပစ်လိုက်တဲ့ဆရာမ

"အား သေပါပြိဆရာမရယ် ကျနော်အကုန်လုပ်ပြီး စာလာဖြေမယ် ဟုတ်ပြီလား''

"ပြီးရော''

ဆရာမကျောပြင်ကိုကြည့်လျက် ဂျောင်ဂုပြောမိတဲ့စကားကတော့
.
.
.
.
.
.
.
ဒီလောက်အပေါက်ဆိုးမှတော့ လင်မရတာတောင်နည်းသေး..။

ဂျောင်ဂုကယူနီဖောင်းလေးကိုဝတ်လိုက်ပြီး မြန်မာကအမေ့သူငယ်ချင်းလက်ဆောင်ပေးထားတဲ့ ရွှေပြည်နန်းသနပ်ခါးလေးကို ပါးပေါ်ခပ်ပါးပါးပုတ်ကာ ဘနားနားမစ်ကိုပါးစပ်တွင်ကိုက်ဆွဲလျက်အတန်းသို့ရောက်လာခဲ့သည်...။

ဦးထယျ {ဦးထယ်}Where stories live. Discover now