ကောင်လေး ပိပ်သွားပြီဖြစ်တဲ့ ဓာတ်လှေကားရှေ့ငေါင်ငေါင်ကြီးရပ်နေမိပြီးမှ...
ရုတ်တရက် သတိဝင်လာကာ..လက်ကနာရီကို ဖြတ်ကနဲ ကြည့်မိလိုက်တယ်..."ဟိုက်...တစ်နာ ရီထိုးဖို့ ဆယ်ငါးမိနစ်ပဲလိုတော့တယ်..ငါက...Ground မှာပဲ ရှိသေးတယ်ဟ..သေပါပြီ...."
ကောင်လေး..မေဘရနီသော် ညွှန်ပြခဲ့တဲ့ထောင့်ကို အပြေးအလွှားလေးသွားကြည့်လိုက်တော့...ဓာတ်လှေကား တစ်ခု တွေ့တယ်...ဝမ်းသာအရ အပြေးအလွှာ အနီးကပ်ကြည့်လိုက်တော့ ဓာတ်လှေကားက..အသုံးပြုနေဆဲ...
ကောင်လေး..ဓာတ်လှေကားရှေ့..ခေါက်တုန့်ခေါက်ပြန်လျောက်နေမိတယ်..နာရီကို တစ်ကြည့်ကြည့်နဲ့လေ..ငါးမိနစ်လောက်ကြာမှပဲ ဓာတ်လှေကားက တံခါးပွင့်လာတော့တယ်..ကောင်လေး အချိန်မစိုင်းနိုင်တော့...ဓာတ်လှေကားထဲစွေ့ခနဲဝင်ပြီး..12 ဆိုတဲ့ ခလုပ်ကို အသဲအသန် နိုပ်လိုက်ရပါတော့တယ်...
.............................Photo shooting room ထဲမှာ...ရှင်သန်တစ်ယောက် နာရီတစ်ကြည့်ကြည့်နဲ့ စိတ်မရှည်ဖြစ်နေမိတယ်...ကောင်လေး ဘာလို့ ဒီလောက်ကြာနေတာလဲ မတွေးတတ်...ဖုန်းခေါ်ဖို့ကလဲ ကောင်လေးမှာ ဖုန်းမရှိဘူးလေ....အိမ်ကိုဆက်ကြည့်တော့ ထွက်သွားပြီတဲ့...ကိုငယ်ကို လှမ်းဆက်တော့..ကုမ္ပဏီထဲဝင်သွားပြီပြောတယ်လေ..
ဒါပေမယ့် အခု တစ်နာရီထိုးခါနီးတော့မယ်...ရောက်မလာသေး...
မမထားတို့...shooting အဖွဲ့တွေကလဲ အသင့်ဖြစ်နေပြီ...မိတ်ကပ် မာမီလှိုင်တို့လဲအသင့်ဖြစ်နေပြီ...ဦးသီကလဲ အနားကပ်မေးတယ်...အဆက်အသွယ်ရလားတဲ့လေ..ရှင်သန် လာတော့မှာပါလို့သာပြောလိုက်ရပေမယ့် လူက သိပ်အားမရချင်..
"ဟေ့..CEOကြီး...."
ရှင်သန် ကောင်လေးအတွက် စိတ်ပူနေရတဲ့ ကြားထဲ ခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့...ဘော်ဒီကပ် လေးယောက်ကြားကနေ.ခပ်ကျွကျွလေးလှမ်းလျှောက်လာပြီး..သူ့ကို လက်လှမ်းပြနေတဲ့ မေဘရနီသော်ကို တွေ့လိုက်ရတယ်လေ...
ရှင်သန်..အပြုံးလေးနဲ့ ဘရနီအနားကို လျှောက်သွားလိုက်တယ်...
"ပြန်ရောက်လာပြီလား..."
ဘရနီက နသယ်စပ်က ဆံပင်လေးတွေကို နားရွက်နောက်ကို ခပ်ရို့ရို့လေး သပ်တင်လိုက်ပြီး ခေါင်းငြိပ်ပြတယ်...
YOU ARE READING
Lover Of A Rich Man [ Complete]
Romanceအသက် နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက်တာက... အဲ့ဒီ ဖေဖေဆိုတာတာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ သူဌေးလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ အသကျ နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက္...