ကောင်လေး ခြံဝင်းထဲဝင်ကတည်းက ဦးရဲ့ကားကို တွေ့တာကြောင့်...အိမ်ပေါ်ကို ခြေဖွဖွနင်းပြီး တက်လာလိုက်တယ်...
ဦးရဲ့ မျက်နှာလေးကို ဒီတစ်နေ့လုံး သူမတွေမရသေးဘူးလေ..
ဦးရဲ့ အခန်းရှေ့ရောက်တော့...တံခါးလေးကို အသာခေါက်လို့..ခေါ်ကြည့်မိလိုက်တယ်..."ဥ်ီး...ဦးရေ..."
တစ်ဖက်က တုန့်ပြန်သံမကြား..ဒါကြောင့် ကောင်လေး တစ်ချက် တွေဝေသွားပြီး...အခန်းတံခါးဘုလေးကို လှည့်ကြည့်မိလိုက်တော့..အခန်းတံခါးလေး ပွင့်သွားတယ်လေ...
ကုတင်ပေါ်မှာ သူ့ကို ကျောပေးပြီး ဦးက အိပ်နေတယ်...ကောင်လေး စိုးရိမ်သွားရတယ်..ဦးများနေမကောင်း ဖြစ်နေသလားပေါ့..ဒါကြောင့် ခြေဖွဖွသားလေးသာ အမြန်နင်းလိူ့ ဦး အနားကပ်ကြည့်မိတော့...ဦးက နှစ်ခြိုက်စွာ အိပ်ပျော်နေတယိလေ...
ကောင်လေး ဦးရဲ့ နှဖူးလေးကို စမ်းကြည့်လိုက်တယ်...ကိုယ်က နွေးနွေးလေးတော့ ပူပါတယ်...."ဟင်း...ဦးရယ်..ကောင်လေးလေ..ဒီနေ့ တစ်နေကုန် ဦးကို မတွေ့ရတော့..ရင်ထဲတစ်မျိုးကြီးပဲဗျာ...ဦး ကောင်လေးကို ရှောင်နေသလိုပဲနော်..ဦးမှာဘာတွေများ စိတ်ညစ်စရာတွေရှိနေလဲ ဦးရယ်..."
ကောင်လေး...တိုးတိုးလေးသာ ပြောနေမိလိုက်တယ်...ဦးအိပ်ပျော်နေတာလေးကို အနှောင့်အယှက်မဖြစ်စေချင်ဘူးလေ...ရှင်းသန့်နေတဲ့ ဦးရဲ့ မျက်နှာလေးမှာ နှုတ်ခမ်းမွေးရေးရေးလေးတွေကိုပါတွေ့နေရတယ်..ဦး နှုတ်ခမ်းမွေးမရိတ်တာ ဘယ်လောက်တောင်ကြာနေပြီလဲမသိ...ကောင်လေး သိပါတယ်ဦးရယ်..ယောင်္ကျားလေးတစ်ယောက်ရဲ့ ဒီလို အပြုအမူမျိုးဆိုတာ တစ်ခုခုကို နက်နဲစွာခံစားနေရချိန်...တစ်ခုခုကို ဆုရှုံးနေရချိန် တစ်ခုခုကို ထုတ်ပြောစရာလူမရှိချိနိတွေမှာ ဖြစ်တတ်တဲ့ အပြုအမူမျိုး....ဦးရယ်...ကောင်လေးကို မပြောပြနိုင်တဲ့ အရာတွေများရှိနေလာဗျာ....
ကောင်လေး..သက်ပြင်းညှင်ညှင်လေးသာချလို့...ရှင်သန်ရဲ့ ဘေးကနေ ထလိုက်ပါတော့တယ်..ဘာပဲ ဖြစ်ဖြစ်လေ...ဥ်ိးရဲ့မျက်နှာလေးကို သူမြင်ခဲ့ရပြီပဲ ဒီနေ့အတွက်တော့ သူအသက်ရှင်နိုင်ပါပြီလို့သာ တွေးရင်း...အခန်းတံခါးကို အသာပိပ်လို့ ထွက်လာလိုက်မိပါတော့တယ်...
YOU ARE READING
Lover Of A Rich Man [ Complete]
Romanceအသက် နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက်တာက... အဲ့ဒီ ဖေဖေဆိုတာတာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ သူဌေးလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ အသကျ နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက္...