😎 part 7 😎

1.5K 150 2
                                    

အခန်းထဲရောက်တာနဲ့ တံခါးတောင်lockမချနို်င်..ကောင်လေးတစ်ယောက်..ရှိသမျှအထုတ်တွေ ကိုပြစ်ချပြီး အိပ်ယာပေါ်ကို မှောက်ယက်ကြီး ဘုန်းခနဲ ပြိုကျသွားရတဲ့ အဖြစ်...

မပြိုပဲ ရှိမလားလေ...တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ့လို့...ဟို Trainer ဒေစီကျော်ကလဲ...Train လိုက်တာမှ..ဇွတ်...ခန္ဓာကိုယ်ပျော့ပျောင်းမှ ဖြစ်မယ်ဆိုပြီး ဂျွိုက်တွေဖြုတ်ပြစ်...သူ့ခမျာ..နားချက်က လက်လန်တယ်..ကျိုးပြီမှတ်တာ..တော်သေးတယ်..အကောင်းတိုင်းရှိနေလို့...ဟူး...

လူက မလှုပ်နိုင်တော့..ဖိနပ်ကိုလည်း..ခြေထိုးပြီး ကန်ချွတ်ရင်း...ကုတင်ပေါ်ကို...ခြောက်ထောက်နဲ့ သာ ကန်ပြီးတတ်နိုင်တဲ့ဘဝ...မျကိလုံးတွေလဲ ပင်ပန်းလွန်းလို့...မပွင့်ချင်တော့...ကုတင်ပေါ်ကို လူးလှမ့်တတ်ရင်း အိပ်ယာထပ်ကို ခေါင်းဦးနားရောက်ခါနီးမှ..ကောင်လေးတစ်ယောက်..မှောက်ယက်ကြီး.အိပ်ပျော်သွားပါတော့တယ်လေ.....
.............................
နှာခေါင်းဝထဲ ပရုပ်ဆီနဲ့ ခပ်စူးစူးလေးဝင်လာမှ ကောင်လေးမျကိလုံးတွေ ဖြည့်ဖြည်းချင်းပွင့်လာတယ်...ဒါတောင်..အပြည့်မှဟုတ်..အပြည့်လည်း မဖွင်နိုင်...နှစ်ပိုင်းတစ်ပိုင်းလေးပွင့်လို့ ခပ်ဝါးဝါးလေးသာ ကြည့်နိုင်တယ်လေ....

သူသိပါတယ်..ဒါရှင်သန်ပဲဆိုတာ..သူ့လက်တွေရင်ဘက်တွေကို ပရုတ်ဆီလေး တစ်ယုတယလိမ်းပေးနေတယ်လေ..နှုတ်က စကားပြောဖို့ပွင့်ဟလာပေမယ့်..အသံမထွက်နိုင်..အားလဲမရှိ..ရှိသမျှအားတွေလဲ ဒေစီကျော်ရဲ့ ပို့စို့ပက်စက် Train တဲအထဲ ပါသွားပြီလေ...

သူ့လက်မောင်းလေးတွေ လက်ချောင်းလေးတွေကို လက်နုနုလေးတွေနဲ့ တယုတယ ဆေးလိမ်းပေးနေတဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောချင်သော်လည်း...မျက်လုံးများက ခဏသာဖွင့်နိုင်ပြီး ပြန်မှိတ်သွားရတယ်...နောက်တော့တစ်ဖြည်းဖြည်း..ကောင်လေး ဘာမှမသိတော့ပါလေ.....

ရှင်သန်...ကောင်လေးကို ကြည့်ပြီး...ပုရုပ်စီလေးတွေကို နေရာအနှံ့ သေချာလိမ်းပေးနေမိတယ် Gym ရဲ့ ပထမနေ့ဆိုတာ အဲ့ဒီအတိုင်းပဲလေ..ညောင်းကိုက်ပြီး မလှုပ်ချင် ဖျားချင်သလို ဖြစ်နေမှာကို ရှင်သန်သိပါတယ်..ဒါပေမယ့်..မင်းသားတစ်လက် ဖြစ်မယ့် သူအတွက် ရှိသင့်တဲ့ Body တော့ ရှိမှရမှာမို့...အချိန် ရနေသေးတဲ့ ကာလမှ ကောင်လေးကို Gym ကစားခိုင်းခဲ့ခြင်းပါ...ဒေစီကျော်က ဖုန်းဆက်ပြောပါတယ်...ကောင်လေးကို ပရုပ်ဆီသေချာလိမ်းပေးပြီး တစ်ရက်လောက်နားခိုင်းပါတဲ့လေ...

Lover Of A Rich Man [ Complete] Donde viven las historias. Descúbrelo ahora