ကာရာအိုကေအခန်းလေးထဲမှာ အဖွဲ့တွေ ဆူညံနေကြတယိ..
ဆိုတဲ့ သူက ဆို ကတဲ့သူက ကနဲ့...ဘရနီကလည်း သူ့အနားကမခွာ..
ဖုန်းကလည်း ဘယ်ရောက်နေလဲမသိ...ဘရနီကိုမေးတော့လည်း..နောက်မှရှာတော့တဲ့လေ..ရှင်သန် လက်ပတ်နာရီလေးကို ကြည့်ကာစိုးရိမ်စိတ်တွေ ဖြစ်နေမိတယ်လေ....cheer. ..!!!
ဘရနီက လက်ကခွက်ကလေး မြှောက်ပြီး အားလုံးကို cheer ခေါ်ပြန်တော့..ရှိသမျှအားလုံးကလည်း ခွက်တွေမြှောက်လိုက်ကြပြန်တာမို့..ရှင်သန် အားနာနာနဲ့ သာ ခွက်ကလေး မြှောက်လိုက်ရပြန်တယ်လေ..
အခြေအနေက ထပ်ကြာလို့မကောင်းတော့တာမို့....ဘရနီကို ပြောဖို့ လှည့်လိုက်တယ်..."ဘ..ဘရနီ ငါပြန်..."
"ဟမ်..ဘာလဲ ငါမကြားရဘူး...နေဦး ငါအနောက်ခဏသွားလိုက်ဦးမယ်..မနေနိုင်တော့ဘူး..ပြန်လာမှပြောဟုတ်ပြီလား..."လို့ဆိုကာ ဆက်ကနည်းထသွားတော့..ရှင်သန် တို့လို့တန်းလန်းကြီး ကျန်ခဲ့ရပြန်ပါတယ်....
အားလုံးကတော့ ပြုံးပျော် လို့ မြူးလို့ ကလို့....ရှင်သန်ကတော့ စိတ်ညစ်ညူးစွာနဲ့...ခေါင်းကို တစ်ဗြင်းဗြင်းကုတ်လျက်ပေါ့...
..........................................................
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်အချိန်အတွင်း.....!!!
ဟူး.....
"ဘယ်လိုလည်း..ခေါ်လို့ရလား..."
ဒေစီက ဘေးကနေ ပုခုံးချင်းတိုက်ပြီးမေးလာတော့..ကောင်လေး စိတ်ပျက်ပျက်နဲ့ သက်ပြင်းချကာ ခေါင်းခါးပြလိုက်မိတယ်...ဖုန်းခေါ်တိုင်းဘာလို့မကိုင်တာလဲ.. ဘယ်ရောက်နေတာလဲ ကောင်လေးမသိရတော့ စိတ်ဆိုးတယ်ဆိုတာထက် စိတိပူနေမိတာအမှန်ပါပဲ...
ဒေစီက လက်က နာရီးလေးကို ကြည့်လိုက်ပြီး...
"ရှစ်နာရီတောင် ခွဲနေခဲ့ပြီနော်ကောင်လေး..ရှင်လေး ပြန်လာပါ့မလားသူမွေးနေ့ဆိုတော့ တစ်နေရာရာရောက်နေမှာပေါ့..ရှင်တို့က ရန်ဖြစ်ထားကြတာလား..တစ်ယောက်နဲ့တစ်ေယာက် ဘယ်ရောက်နေလဲမသိဘူးဆိုတော့..."
"ဟူး..မဟုတ်ရပါဘူး ဒေစီရယ်..ရန်မဖြစ်ထားပါဘူး..ဒါပမယ့် ဒီရက်ပိုင်ူအတွင်း ဦးက ကောင်လေးကို ရှောင်ဖယ်နေတယ်လို့ခံစားနေရတာတော့အမှန်ပဲ...."
YOU ARE READING
Lover Of A Rich Man [ Complete]
Romanceအသက် နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက်တာက... အဲ့ဒီ ဖေဖေဆိုတာတာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ သူဌေးလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ အသကျ နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက္...