😎 part 6 😎

1.6K 157 0
                                    

ကောင်လေး တစ်ယောက်...သူ့ကို လက်ပိုက်ပြီး ကြည့်နေတဲ့ လူကြီးကို ပါးစပ်အဟောင်းသားနဲ့မော့ကြည့်နေမိတယ်...နထင်က သွေးတိုးသံ တစ်ဒုံးဒုံးကလွဲ သူဘာမှမကြားမိတော့...ထိုလူက သူ့ထက်လဲ အရပ်ရှည်တယ်..ပြီးတော့ တုတ်တုတ်ခိုင်ခိုင် ကြွက်သားကြီးတွေက အကြီးကြီးတွေနဲ့..ကောင်လေးနဲ့ ယှဉ်ရင် ဆင်နဲ့ကြွက်...

ဂလု...အု...!!!တံတွေးမျိုချတာတောင် ခက်ခက်ခဲခဲ မျိုချလိုက်ရတဲ့အဖြစ်...

အားငယ်တဲ့မျက်လုံးလေးတွေနဲ့ ရှင်သန်ကို ကြည့်တော့ ရှင်သန်ကလဲ..သူ့ကို ပြုံးပြတယ်..ကြည့်ရတာ ဆုံးဖြတ်ချက်ကို ပြင်တော့မည့်ပုံမပေါ်...

အခုသူရောက်နေတာ...YGN ဆိုတဲ Gym ခမ်းမ၏ သူ့အတွက် Training ပေးမယ့် Gym trainer ရှေ့မှာလေ...ကောင်လေးတွေးနေမိတယ်..ဒီ Trainer နဲ့သာဆိုရင် သူအရိုးပါကျန်တော့မလားပဲ...ဖြစ်နို်င်ရင် ဒိနေရနေပါ ထွက်ပြေးသွားလိုက်ချင်တဲ့ စိတ်တွေ တစ်ဖွားဖွားရယ်လေ...

"ရှင်လေး...တို့ Train ပေးရမှာ ဒီသငယ်လေးလား...,!!!"

(ဗုဒ္ဓေါ ခန္ဓာနဲ့မှမလိုက် ထွက်လာတဲ့အသံက ညှောင်နာနာနဲ့..ဘုရား...)
"ငှယ်..အ..အခြောက်.."

"ဘာအခြောက်လဲ ပါးကြိုးသွားမယ်...တို့က ဒီ Gym ရဲ့ အလှဆုံးနတ်မိမယ် ဒေစီကျော် တဲ့ မှတ်ထား..."

"ဟု..ဟုတ်ဟုတ်ဟုတ်..."

ကောင်လေးတစ်ယောက် ပါးကြိုးရမယ့် အဖြသ်ဆိုတော့..ပါးစပ်လေးကို လက်နဲ့ အုပ်ပြီး အမြန်ပြန်ခေါင်းငြိပ်ဖြေလိုက်ရတယ်...ဒေစီကျော်ကြီးကတော့ သူ့ကို ခြေအဆုံးခေါင်းအဆုံး ကြည့်လိုက်ပြီး...ပါးစပ်နား လက်ညိုးကောက်လေး နွဲ့နွဲ့နှောင်းနှောင်းထောက်ကာ

"ဟုတ်ပ...ရှင်လေးပြောသလိုပဲ...ရုပ်ကလေးကတော့ မဆိုးပါဘူး ဒါပေမယ့် ဖွံ့ဖြိုးမှု အားနဲနေတယ်...ကဲ ရှင်လေး...တို့ အမှန်အကန် Train မှာနော်..တော်တော်ကြာ သငယ်က ခံနိုင်ပါ့မလား..."

"ဗျာ..!!!"

ကောင်လေးဆီက အာမေဋိတ်သံ ကြယ်ကြယ်ကြီး ထွက်လာတော့..ဒေစီကျော်က နဂါးခုနှစ်ကောင် အကြည့်နဲ့.ပြန်ကြည့်တာမို့...ပါးစပ်ကိုချက်ချင်း ပြန်ပိပ်ပြီး ခေါင်းငုံ့ထားလိုက်ရတယ်လေ...မလွယ်တဲ့အဖြစ်..ဟင်း..စာချုပ်နော်..စာချုပ်...

Lover Of A Rich Man [ Complete] Tempat cerita menjadi hidup. Temukan sekarang