😎 ဗိုလ်လုပွဲ 😎

1.3K 100 0
                                    

မင်္ဂလာပွဲနေ့ ရောက်ခဲ့ပြီ....
ဘုရားကျောင်း ခမ်းမကြီးထဲမှာ အလှဆင်ပန်းတွေက ခမ်းနား ကြီးကျယ်လို့...လူတွေ ရောင်စုံ မျိုးစုံ အလွှာစုံ တွေက ပြည့်ကြပ်လို့...
သတင်းသမားတွေလည်း..သူ့နေရာနဲ့သူ အစီအရီနဲ့ ပါလေ...

နံမည်ကြီး ဒိတ်ဒိတ်ကျဲတွေလည်း အကုန်ရောက်နေခဲ့ကြပြီ...
အားလုံးက မင်္ဂလာရက်မြတ်အတွက် ပြုံးရွှင်ပျော်မြူးနေကြပေမယ့်...
ရှေ့ဆုံးတန်းက ခုံလေးမှာတော့...ကောင်လေးတစ်ယောင် မပြုံးမရယ်နိုင်ရှာပါလေ....

(မမဘရနီရယ်...ကောင်လေး မတားနိုင်ခဲ့ဘူး..ကောင်လေး တောင်းပန်ပါတယ် မမရယ်....)လို့သာတွေးရင်း ငြိမ်သက်နေမိတယ်..
သူ့ဘေးက နေခွန်း လည်း.ထိုသိူ့နေမှာပါလေ...
ချစ်တဲ့ သူက အခြားတစ်ယောက်နဲ့ လက်ထပ်မှာ အဲ့ဒါပြင် သူ့အရှေ့မှာပဲ ရှက်တစ်ကွဲ အကျိုးနဲ ဖြစ်တာကို သူကိုယ်တိူင်မြင်ရတော့မှာ...

သူမလာချင်ခဲ့ပေမယ့် ကောင်လေး က ဖုန်းဆက်ပြောခဲ့တယ်..ကိုနေခွန်း လာမှ ကောင်းမယ် တဲ့ ဒါမှ မမတစ်ခုခု ဖြသ်ရင် ကိုနေခွန်း ကူညီနိုင်မှာတဲ့လေ....

ဟူး..!!
ဟင်း..!!!

နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး သက်ပြင်းကို အရှည်ကြီး ချလိုက်မိကြတယ်...မတတ်နိုင်ခဲ့တော့ပါလေ..သတင်းဌာနတွေမှာလဲ ဒိတ်ဒိတ်ကျဲ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို တိုက်ရိုက် live တွေ လွှင့်နေကြပြီ...ကင်မယာ အစ ဖုန်းအဆုံးလည်း...မင်္ဂလာ ဘိသိပ်စင် ကို အပြည့်ချိန်ထားကြပြီ...

"မမ မလာရင် ကောင်းမှာပဲ ကိုနေခွန်းရယ်...."လို့ ဆိုလိုက်မိတော့လည်းနေခွန်းက သူ့ခေါင်းလေးကို ပွတ်သပ်ပေးပြီး..တစ်ခွန်းတည်းပြောရှာတယ်...
"ဘယ်တတ်နိုင်မလဲလေ...ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲပေါ့..."တဲ့..

ခဏအကြာမှာ ဘုရားကျောင်းရဲ့ မင်္ဂလာ စန္ဒယားသံလေး ငြိပ်သက်သွားသလို လူတွေက မတ်တပ်ရပ်ပြီး လက်ခုပ်သံလေးတွေ ဆူညံသွားကြတယ်..ကောင်လေးတိူ့လည်းာမတ်တပ်ရပ်ပြီး ဘုရားကျောင်း ဝင်ပေါက်ဘက်ကို ကြည့်မိလိုက်ကြပါတယ်လေ...

ဝင်လာသူက ဒီနေ့ရဲ့ သတိူ့သား...ရှင်သန်...
အဖြူရောင် အနောက်တိုင် ကုတ်နဲ့ ရှင်းသန့် ကြည်လင်နေသာ မျက်နှာ အဖြူရောင် ရင်ထိုးပန်းလေး နဲ့ အတူတူ တတ်ကျွသော ခြေလှမ်းတွေနဲ့ တစ်လှမ်းခြင်း လျောက်လာခဲ့တယ်လေ....

Lover Of A Rich Man [ Complete] Where stories live. Discover now