😎 part 5 😎

1.8K 181 2
                                    

ကောင်လေး တစ်ယောက်..coffee နဲ့ cookies ပန်ကန်လေးကို ဒေါ်ဒေါ်နု ပြင်ပေးတဲ့အတိုင်း ဗန်းလေးနဲ့ထည့်လို့...အပေါ်ထပ်ကို တတ်လာလိုက်တယ်...

မျက်နှာကတော့ ထုံးစံအတိုင်း ဆူပုတ်ပုတ်နဲ့ပေါ့...
ရှင်သန်က သူနဲ့ အခန်းချင်းကပ်လျက်ဆိုတာ သူအခုမှ သိလိုက်ရတာလေ..ညက ရေချိုးရင်း ပေါက်ကရလေးဆယ်တွေအော်ဆိုထားတာ သူမကြားပဲတော့ မဖြစ်နိုင်..
ဒါကြောင့် မျက်နှာတောင် ရှက်စိတ်နဲ့ ထူပိန်းပိန်း ဖြစ်နေတာ..

အခန်းရှေ့ရောက်တော့..လက်တစ်ဖက်နဲ့ ဗန်းကို ပြောင်းကိုင်ပြီး တံခါးလေးကို အသာအယာခေါက်လိုက်တော့..အထဲက အသံကြားရတယ်...ဝင်ခဲ့လေတဲ့...ကောင်လေးလည်း..တံခါးလက်ကိုင် ဘုလေးကို အသာလေးလှည့်ဖွင့်လို့ ဝင်သွားလိုက်တယ်...

ခြေလှမ်းတွေအပေါက်ဝမှာ ရပ်သွားရတယ်...
ရှေ့ကမြင်ကွင်းကိုလည်း..ကောင်လေးတစ်ယောက် မျက်လုံးအဝိုင်းသားနဲ့ငေးကြည့်နေမိတယ်လေ...

ရေချိုးပြီးစ သဘက်ဖြူလေး ခါးမှာ ပတ်လို့ ရှင်သန်က သူ့ကိုကျောပေးပြီး..
ခေါင်းက စိုစွတ်စွတ် ဆံပင်လေးတွေကို Dryer နဲ့ မှုတ်နေတာ..
ဖြူဝင်းချောမွတ်နေတဲ့ အသာယအရည်ပေါ်က တစ်ချို့သော့ရေစက်ပေါက်ကလေးတွေ...
တစ်ခါတစ်ခါပေါ်လာတတ်တဲ့ာမျက်ခုံးကောင်းကောင်းတွေ...
နှာသီးချွန်ချွန်လေးနဲ့ ပြုံးယောင်ယောင် နှုတ်ခမ်းရဲ့ ဆွဲဆောင်မှုတွေ..

ဂလု..အု..!!!

ကောင်လေး မြင်ကွင်းကြောင့် အာခေါင်တောင် ခြောက်လာတာမို့ တံတွေးကို ဂလုကနဲ မြိုချလိုက်မိတယ်..လူကတစ်လှမ်းမှ ရွှေ့လို့မရတော့..ဒူးတွေတောငိမခိုင်ချင်ရယ်...

"အော်..breakfast လာပို့ပြီလား..."ဆိုတဲ့ဘအသံနဲ့အတူတူ Dryer လေးအသာချလို့...ပုခုံးပေါ်က သဘက်ကလေးကို လယ်သိုင်းဆွဲရင်း ရှင်သန်က သူ့ဘက်လှည့်လာတော့...ကောင်လေး...လက်ထဲကဗန်းတွေ အသံမြည်လာတယ်...မခိုင်နိုင်တော့တဲ့ ဒူးကို အတင်းထောင်မတ်ပြီး...ဗန်းကိုလဲ လွတ်မကျအောင်..ကြစ်ကြစ်လစ်လစ်ကိုင်ထားရတယ်လေ...

တစ်ကယ့် နတ်သားလေး....
ရင်အုပ်ကျယ်ကျယ်ကြီးတွေက ဖြူဝင်းလို့...
ပြီးတော့..လှုပ်ရှားမှု တစ်ခုခု ပြုလုပ်လိုက်တိုင်း..အမြှောင်းမြှောင်းပေါ်လာတဲ့ ကြွက်သားတွေ...
ပြိးတော့..ရင်ညွန့်ကနေ..ချက်အပေါ်ထိ..သူ့နေရာနဲ့ သူ အံဝင်ခွင်ကျဖြစ်နေတဲ့ 6 park အဖုအထစ်တွေ...

Lover Of A Rich Man [ Complete] Où les histoires vivent. Découvrez maintenant