😎 End 😎

2.7K 126 1
                                    

လေညှင်းလေးတွေက ပြတင်ပေါက်ကနေတစ်ဆင့်..
ဘရနီရဲ့ ပါးပြင်ကို ထိခပ်ဆော့ကစားသွားတယ်....
ခမ်းစည်း လိုက်ကာလေးကလည်း...လွန့်လူးလှုပ်ရှားနေတယ်...
အဲ့ဒီ ခမ်းစည်း လိုက်ကာလေး ကြားကနေပဲ အပြင်ဘက် ကြည်လင်ရှင်းသန့်နေတဲ့ ကောင်းကင် ပွာပွာကျွိးကို ဘရနီ မြင်နေရတယ်လေ....

ဒီနေ့ဘနေသာနေပါတယ်....
အခန်းထဲမှာ ဆေးနံတစ်ချို့ ကလွဲလို့ အရာအားလူံ.ငြိမ်သက်လို့...
ဆေးရုံ ကုတင်ပေါ်မှာ ကျုံ့ကျုံ့လေး သာထိုင်ရင်း အပြင်ဘက်က ကောင်းကင်ပြာကြီးကို ဘရနီ ငြိမ်သက်စွာ ကြည့်နေမိခဲ့တယ်...

နှစ်သက်စိတ်မရှိ...
ပျော်ရွှင်စိတ်မရှိ...
အရာရာ ငြိမ်သက်..
ကျောက်ရုပ်တစ်ရုပ်လိုသာ..

"ဟာ..မမ နိုးနေပြီလား...မျက်နှာ သစ်ပြီးပြီလား...ဒီမှာ ကျွန်တော် မမကြိုက်တဲ့ ပန်းလေးတွေရာ ပါစတာ ရော ဝယ်လာတယ်...သိလား.."

ဘရနီ ပကတိ ငြိမ်သက်နေသော မျက်ဝန်းတွေ အပြုံး အရယ်မရှိတဲ့.မျက်နှာလေး နဲ့ အတူတူ နေခွန်းကို လှည့်ကြည့်မိတယ်လေ...ဒီဆေးရုံမှာ တစ်ဥိးတည်းရှိတဲ့ သူ့ရဲ့ လူနာစောင့်ပေါ့....

"သတင်းထောက်တွေကလည်းဗျာ..စာနာစိတ်ကို မရှိကြဘူး...မမကို Interview ပါရေစေတဲ့ ကျွန်တော့ကို လာပြောတယ်..ဘယ်ရမလဲ ကျွန်တော်အော်ငေါက်ပြစ်လိူက်တာပေါ့...အဟဲ... သိလားမမ အဲ့သတင်းထောက် တော်တော် ကြောက်သွားလောက်တယ်...ကဲ လာမမ မုန့်စားရအောင်..လက်ဆေးမယ်..."

သူကို စကားတွေတစ်သွင်သွင်းပြောပြီး...သူ့ဘက်ကလေးကို အသာကိုင်ကာ..ရေနွေးဝတ်လေးတွေနဲ့ နေခွန်းက တယုတယ သန့်ရှင်းပေးနေရှာတယ်လေ....ဘရနီ ရုန်းလဲမရုန်းမိ ဘာမှလဲ မပြောမိ..နေခွန်းကို သာကြည့်မိနေတော့တယ်....

နေခွန်းက သူ့လက်ဖဝါးလေးတွေကို သန့်စင်ပေးနေရင်း...

"ဆရ ဝန်ကြီး ကပြောတယ်..ဘာမှစိတ်မပူရတော့ ဘူးတဲ့...နောက်နှစ်ရက်လောက်ဆိုရင် ဆေးရုံက ဆင်းလို့ရပြီတဲ့လေ..မမ..ဆေးရုံက ဆင်းရင် ဘယ်သွားချငိလဲဟင်..ကျွန်တော် လိုက်ပို့ပေးမယ် သိလား..."

ဘရနီ မျကိဝန်းမှာ မျကိရည်တွေရစ်ဝဲလာမိတဲ့ အထိပါပဲ..နေခွန်းကို သူနားမလည်နိုင်တော့..ဒီလောက် သူ့အပေါ် ခါးခါးသီးသီ ရှိခဲ့တာတောင်..အခု သူက ဘရနီကို မညည်းမညူ ပြုစုနေသတဲ့လေ...
သူ့ကို ပြုံးရွှင်စွာဖြင့် လိုလေးသေးမရှိအောင် စောင့်ရှောက်နေသတဲ့လေ...
နေခွန်းရယ်....

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Sep 28, 2020 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Lover Of A Rich Man [ Complete] Tahanan ng mga kuwento. Tumuklas ngayon