ကျေးငှက်တွေရဲ့ အော်မြည်သံနဲ့ အတူတူ ကောင်လေး အိပ်ယာက နိုးလာရပါတယ်...ကောင်လေး..မျက်လုံးတွေကို ပွတ်သပ်ပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်မိလိုက်တယ်...
"ဟင်...ငါ့အခန်းထဲပြန်ရောက်နေတာပဲ..."
ကောင်လေး ရေရွတ်လိုက်မိတယ်လေ...ဟုတ်ပါတယ်..ကောင်လေးညက ကိစ္စတွေကို မှတ်မိနေသေးပါတယ်လေ..အရက်မူးပြီး အိပ်ပျော်နေတဲ့ ဦးကို ဂရုစိုက်ရင်း ကောင်လေး..ဦးအခန်းထဲမှာပဲ အိပ်ပျောိသွားခဲ့တာပါ..
ထူးဆန်းတာက..ဥိးတစ်ယောက်...တစ်ညလုံး ယောင်တာတောင်..
"ကောင်လေးရယ်..ကို့ကိုခွင့်လွှတ်ပါ..ကို.ကောင်လေးကို သိပ်ချစ်တယ်.."ဆိုတာတစ်ခုပဲ...ကောင်လေး စဥ်းစားမရ..ဦးတစ်ယောက် ဘာတွေခံစားနေခဲ့ရတာလဲ...ဦးသီ ပြောတာကတော့..လူမှန်းသူမှန်းမသိအောင် သောက်ပြီး မူးတာ..ဒါပထမဦးဆုံး အကြိမ်တဲ့လေ...ကောင်လေး..မစဥ်းစားချင်တော့..ဒါက..ဦးပဲ သိမယ့် ကိစ္စ..ဦးကိုပဲ မေးရမှာမို့...ကုတင်ဘေးက နာရီကို လှမ်းကြည့်လိုက်တယ်လေ..နံနက်၇နာရီ..ဒါဆို..ဦး breakfast စားတုန်းအချိန်ပဲမို့ အမြန်ပင် ရေချိုးခန်းထဲဝင်လိုက်ပါတော့တယ်...
မျက်နှာသစ်ပြီးတော့..ကောင်လေး..လှေကားပေါ်ကနေ..ခုန်ပေါက်ဆင်းလာတယ်...နံနက်တိုင်းမှာ ရှင်းသန့်နေတဲ့ ဦးကို မြင်ခွင့်ရခြင်းကလဲ..ကောင်လေးအတွက် နေ့သစ်တစ်နေ့တာစဖို့..အားဆေးတစ်ခွက်လိုပါပဲ...နေ့တိုင်း ဦးရဲ့ အပြုံးနဲ့ စတယ်..နေ့တိုင်း..ဦးရဲ့ အပြုံးနဲ့ ဆုံးတယ်လေ..
ထမင်းစားခန်းထဲ ပြေးဝင်လိုက်တော့ ကောင်လေးခြေလှမ်းတွေရပ်သွားရတယ်....ထမင်းစားပွဲမှာ ဦးမရှိ..အခန်းထဲမှာ ဒေါ်ဒေါ်နုတစ်ယောက်သာ ပန်ကန်ခွက်ယောက်တွေနဲ့ အလုပ်ရှုပ်နေတယ်လေ...ကောင်လေး..ပါးလေးဖောင်းလို့ ဟင်းခနဲသက်ပြင်းချလိုက်မိတယ်...
"ဟော..သားလေးနိုးလာပြိလာ..ကဲလာ..နံနက်စာ စားမယ်..နော်.."
သူသက်ပြင်းချမိလိုက်တော့..ဒေါ်ဒေါ်နုက ကြားသွားတယ်နေမယ်..သူ့ကို အပြုံးတွေနဲ့...လှမ်းခေါ်တယ်လေ..ကောင်လေးလည်း..မလှမ်းချင်လှမ်းချင်...ခြေလှမ်းတွေနဲ့...စားပွဲဝိုင်းထဲ ဝင်ထိုင်လိုက်ပြီး...
CZYTASZ
Lover Of A Rich Man [ Complete]
Romansအသက် နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက်တာက... အဲ့ဒီ ဖေဖေဆိုတာတာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ သူဌေးလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ အသကျ နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက္...