😎 part 11 😎

1.2K 115 4
                                    

မိသားစု ဒေါက်တာတော့ ပြန်သွားပြီး...ကောင်လေးကတော့ အခုထိ သတိမရသေး...ရှင်သန် ကောင်လေးရဲ့မျက်နှာလေးကို ကြည့်ညနေမိလိုက်တယ်...အစက စိုးရိမ်ကြီးသွားပေမယ့်..ဒေါက်တာက စိုးရိမ်စရာမရှိပါဘူး...သွေးလန့်သွားတာပါဆိုလို့ ရင်အေးခဲ့ရတယ်လေ..

ဒေါ်ဒေါ်နုကို ကောင်လေး နိုးလာရင် လန်းဆန်းသွားအောင် သောက်ဖို့ လိမ္မော်ရည် သွားဖျော်ခိုင်းထားတယ်...သူကတော့ ကောင်လေးဘေးနားမှာ တစ်ဖဝါးမှမခွာရက်ပေါ့...

"ကောင်လေး...ဘရနီက ကို့ကိုမေးတယ်...ချစ်ရမယ့် သူရှိ နေပြီလားတဲ့...အဟက်...ကို့မှာလေ...တရားဝင်မဟုတ်သေးတဲ့ ချစ်ရမယ့် သူရှိနေပြ်ီကောင်လေးရဲ့..."

ကောင်လေးကတော့ အိပ်ပျော်နေဆဲပါ...ရှင်သန် ကောင်လေးရဲ့နှဖူးပေါ်က ဆံစလေးတွေကို ခပ်ဖွဖွလေး သပ်တင်ပေးလိုက်ပြီး...မေးလေး ပြန်ထောက်ထားမိလိုက်တယ်...

"ဒါပေမယ့်...ကိုကြောက်မိနေတယ်ကောင်လေး...ကိုက ဖွင့်ပြောလိုက်ရင် ကို့ကို အထင်သေးသွားမလား...တစ်မျိုးထင်သွားမလား ဆိုတာတွေပေါ့....ဟူး...မင်းသိလားကောင်လေး...ကို ချစ်နေတဲ့ သူက.....ဟင်..ကောင်..ကောင်းလေး သတိရလာပြီလား..."

စကားမဆုံးလိုက် ကောင်လေးက တစ်အင်းအင်းနဲ့ လူးလွန့်သွားတာကြောင့် ရှင်သန် စကားစတွေပျတ်သွားပြီး...ကောင်လေးကို ဝမ်သာအားရ ခေါ်နေမိလိုက်တယ်...ကောင်လေးရဲ့မျကိလုံးလေးတွေတစ်ဖြည်းဖြည်းချင်းပွင့်လာတယ်​လေ...ပြီးတော့ ကြောင်တောင်တောင်လေးနဲ့ ပတ်ဝန်းကျင်ကို ကြည့်တယ်...နောက်တော့ သူ့ကို ကြည့်လားပြီး..
"ကျွန်တော်ဘာဖြစ်သွားတာလဲ..."တဲ့လေ...

ရှင်သန်ရယ်နေမိလိုက်တယ်...ကောင်လေးက...သူ့နှခေါင်းပေါ်က ဆေးပလပ်စတာကို တွေ့သွားပြီး...ချက်ချင်းကောက်ထိုင်ကာ..လက်ကလေးနုနုလေးတွေနဲ့ သူ့နှခေါင်းလေးတို့ကြည့်ပြီး...

"တော်တော် နာသွားလားဟင်..CEOကြီး..."

ရှင်သန် ကောင်လေးရဲ့ လပ်ကလေးကို ကိုင်ကာ ပြုံးပြရင်း ခေါင်းကို ဖြေးညှင်းစွာခါလို့...

"မနာပါဘူးကောင်လေးရဲ့..အမယ် အားတော့ပြင်းသားပဲ..ဒါနဲ့..ကို့ကို CEO ကြီး CEOကြီးနဲ့ ခေါ်နေတာမမောဘူးလား...တော်ပြီး အဲ့ဒီ CEOဆိုတာကြီးကို မကြိုက်ဘူး ဒီတော့ ဒီနေ့ကစပြီး မင်း ကို့ကို" ဦး"လို့ခေါ်ရမယ်...ဟုတ်ပြီလား..."

Lover Of A Rich Man [ Complete] Opowieści tętniące życiem. Odkryj je teraz