ကောင်လေးတစ်ယောက် ရှက်လွန်းလို့မျက်နှာလေး နီနေခဲ့ပြီ...
ရှင်သန်ကတော့ မျက်နာကိုလက်နဲ့အုပ်ထားလျက်.သူ့လက်က ဖုန်းဘူးမြှောက်ပြကာ..."ငါ...ငါဖုန်းလာပေးတာ..."
ကောင်လေး...ပုန်းစရာနေရာရှာဖို့ အခန်းထဲ လှည့်ပတ်ကြည့်မလိုက်ပေမယ့်...နေရာမတွေ့...
ဒါကြောင့်..ခြေလှမ်းကိုနောက်ဆုတ်နောက်ဆုတ်လျောက်ကာ..ရေချိုးခန်းထဲပဲ စွတ်ကနဲပြေးဝင်လိုက်ရတယ်..ပြီးမှ...အပေါက်ဝကနေ..ခေါင်းလေး ပြူကြည့်ပြီး..."ဟို...ဟိုလေ...ညဝတ်လေး...ယူပေးပါလား..ဘောင်းဘီပဲ..."
"ငါမျက်လုံးဖွင့်လို့ ရပြီလား..."
"ရပြီ..မြန်မြန်ယူပေးပါ..ဒီမှာ ချမ်းနေပြီ...ဗီဒိုထဲမှာ..."ဆိုမှ ရှင်သန်လဲ မဝံ့မရဲ လက်ဖယ်လိုက်ပြီးမှ...ဗီဒိုကို အမြန်လျောက်လို့ ညဝတ်ဘောင်းဘီရှည်လေး..အပေါက်ဝအမြန်သွားပေးလိုက်တယ်...
ကောင်လေးကဆက်ကနဲ လှမ်းယူပြီး ရေချိုးခန်းတံခါးကိုဝုန်းကနဲပိပ်သွားမှ...ရှင်သန် ရင်ဘက်ကို ပွတ်သပ်လို့ သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်..."အဟိ..!!"ဆိုပြီး ကိုယ့်ဟာကို သဘောကျစွာဖြင့်လဲ..ရယ်လိုက်မိတယ်...
ကုတင်ပေါ်ထိုင်နေရင်း...ကောင်လေးပြန်အထွက်အလာကို စောင့်နေလိုက်တယ်လေ...ခဏကြာတော့ ကောင်လေး..အပေါ်ပိုင်းဗလာနဲ့ ပြန်ထွက်လာတယ်..ပြီးတော့ ခုံပေါ်တင်ထားတဲ့ သဘက်လေး လှမ်းယူပြီး သူ့ကို စူပုတ်ပုတ်ကြည့်လာတော့...ရှင်သန် ကျုံ့ကျုံ့လေး ထိုင်လို့ ခေါင်းကုတ်ကာ အဟီးကနဲ ရယ်ပြလိုက်တယ်...
ကောင်လေး ကသဘက်သုတ်နေရင်း သူ့ အနား ထင်ထိုင်လိုက်တော့..ခန္ဓာကိုယ်လေးကို ရှက်ကိုးရှင်ကန်း ရို့ရို့လေးဖယ်လိုက်မိသေးတယ်...
"ဘယ်လို ဖြစ်လို့ အခန်းထဲရောက်နေတာလဲ CEOရာ...."
ရှင်သန် ခေါင်းလေးသာကုတ်ပြီး...
"ပြောပြီးပြီကော..ဖုန်းလာပေးတာပါဆို...ဒီမှာ...ရော့..မင်းအတွက်..."
ကောင်လေးက ရှင်သန်ထိုးပေးတဲ့ ဖုန်းဘူးလေးကို ယူကြည့်လိုက်တော့..
I phone 11 pro ကြီး...ကောင်လေး မျက်လုံးပြူးသွားတယ်...ဒီလောက်ဈေးကြီးတဲ့ ဖုန်းကို ဟိုက သူ့အတွက်တဲ့ပေးနေတယ်လေ...ဒါနဲ့ ဘူးလေး ပြန်ထိုးပေးရင်း..
YOU ARE READING
Lover Of A Rich Man [ Complete]
Romanceအသက် နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက်တာက... အဲ့ဒီ ဖေဖေဆိုတာတာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ သူဌေးလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ အသကျ နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက္...