Part-1

13.9K 698 43
                                    


ဒီမြေပေါ်သို့ ခြေချလိုက်သည်နှင့် အဖြူရောင်နှင်းမှုန်များက လေထဲ၌ ဝဲပျံနေကြသည်။ သူ Japanကို ရှစ်နှစ်ကြာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ရောက်လာခြင်းဖြစ်၏။ လေဆိပ်အပြင်တွင် သူ့ကို လာကြိုမည့်တစ်စုံတစ်ယောက်ကို ရပ်စောင့်နေရင်း...

"ကိုကို"

ကြည်လင်လှတဲ့ အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သည့်အခါ နှင်းမှုန်များက လေထဲ၌ ရပ်တန့်နေသလို။ အညိုရောင်မာဖလာကြီးကို လည်ပင်းအပြည့်တွင် ဝတ်ဆင်ထားသည့် လူတစ်ယောက်ရဲ့ ဆံပင်ကောက်ကောက်၊ ပွပွပေါ်တွင် အဖြူရောင်နှင်းမှုန်များတွဲခိုနေ၏။ အပြာရောင်မျက်ဝန်းကတော့ လေထဲပျံဝဲနေသည့် နှင်းမှုန်များထက် ဖြူစင်တောက်ပနေ၏။

ထိုကောင်လေးက လွန်ခဲ့သည့်ရှစ်နှစ်က သူတွေ့ဖူးသည့် ကောင်လေးနှင့် ကွာခြားလှ၏။ အရပ်အနည်းငယ်ရှည်လာပြီး မှေးရိုးနှင့် ဆံပင်ပြောင်းလဲမှုကြောင့် ထိုကောင်လေးကို လူပျိုပုံပိုပေါက်လာစေ၏။

"ကိုကို အေးနေပြီမလား။ သား နည်းနည်းနောက်ကျသွားတယ်"

တစ်ကိုယ်လုံး ဖုံးအုပ်ထားသည့်သူက မျက်လုံးကိုသာ ဖော်ထားသည်။ ဘယ်သူ့ကိုမှ မပြရဲခဲ့သည့် လက်အစုံကို ထိုကောင်လေးကဆွဲယူပြီး ခပ်ထူထူလက်အိတ်တစ်စုံ ထုတ်ယူကာ အင်္ကျီအောက်၌ ဖွက်ထားသည့် သူ့ရဲ့လက်ကို ဆွဲယူပြီး လက်အိတ်ဝတ်ပေးလိုက်သည်။

"ကိုကို "

".........."

"ကိုကိုလို့"

ဗမာသံပီလှသည့် ထိုကောင်လေးက သူ့ရဲ့လက်မောင်းကိုဆွဲရင်း ကားပေါ်တက်ရန်ခေါ်လေ၏။

"ကိုကို Daddy က ကိုကိုလာမယ်ဆိုလို့ သားက စပိန်သွားမယ့် ခရီးစဥ်ကိုဖျက်လိုက်တာ"

"............."

"ကိုကို ဗိုက်ဆာနေပြီမလား ဖေဖေကလေ ဟင်းချက်သိပ်ကျွမ်းတာ ဖေဖေ့လက်ရာဆို သားလုံးဝမငြင်းနိုင်ဘူး"

"..............

"ကိုကို အိမ်ရောက်ရင် ထမင်းချက်ချင်းစားရမယ်နော်။ သားလေ အခုထိ မနက်စာမစားရသေးလို့ ဗိုက်ဆာတယ်"

Blue Existence Where stories live. Discover now