Zawgyi:
ညနေခင်းတစ်ခု။
ဖေဖေ့ဆိုင် ကူထိုင်ပေးရင်း တစ်ချိန်က ချစ်ရသူက ဖုန်းခေါ်လာခဲ့သည်။'ခန့်ညားမအားလို့။ ကျွန်တော့်ဆိုင်ကယ်ကလည်း ပြင်ထားလို့ ကူညီပေးနိုင်မလားတဲ့'။ ကူညီပေးနိုင်မလား ဆိုတဲ့စကားက နည်းနည်းတော့ သူစိမ်းဆန်တယ်မလား။ အနည်းငယ် ဝေးသွားသလိုခံစားရပေမဲ့ ငြင်းစရာအကြောင်းမရှိမို့. 'လာခဲ့မယ်'လို့သာ ပြောလိုက်သည်။ မငြင်းရက်သာ ဆို ပိုမှန်လိမ့်မည်။
အခုချိန်မှာ ရိုးရှင်းကို ချစ်သေးလားလို့ မေးလာရင် ကျွန်တော် တွေဝေနေမိတုန်းပါပဲ။ ဘယ်လောက်ပဲ သူငယ်ချင်းတစ်ယောက်လို ညီအကိုတစ်ယောက်လို ချစ်တယ်ပဲပြောပြော တစ်ချိန်က ရိုးရှင်းပေါ်ထားရှိခဲ့တဲ့ အချစ်တွေဟာ အနည်ထိုင်နေတုန်းပါပဲ။ ဒါဟာ အရိုးရှင်းဆုံးပြောတာပါ။
ဘယ်လိုပြောရမလဲ အချစ်ဦးကို မြေးဦး ရတဲ့ထိ မမေ့ဆိုသလိုပေါ့။ အချစ်ဦးမို့ မမေ့နိုင်တာလို့ပဲပြောရမလားပေါ့။ ဒါမှမဟုတ်လည်း ညီတစ်ယောက်လို သံယောဇဉ်ရှိတာကို အရင်အချစ်တွေမပြယ်သေးဘူးဟု ကိုယ့်ကိုကိုယ် သတ်မှတ်နေမိတာလားပင်။
ဒါပေမဲ့ ၁၅၀၀ မေတ္တတရားထက် ၅၂၈ မေတ္တတရားက အနိုင်ယူသွားခဲ့တာဟာ ခန့်ညားကို ရိုးရှင်းနဲ့ ပေါင်းဖက်ဖို့ ကိုယ်တိုင် မင်္ဂလာဆောင်ကနေ ခေါ်ထုတ်ပေးတဲ့ နေ့ကတည်းကပါ။
တစ်ချိန်က ရိုးရှင်းဝမ်းနည်းနေချိန်တိုင်း ရိုးရှင်းနောက် မသိအောင် လိုက်ပြီး နှစ်သိမ့်ပေးဖို့ကြိုးစားရင်း ရိုးရှင်းဝမ်းနည်းတိုင်းသွားတတ်တဲ့နေရာကို သိနေတာ မဆန်းခဲ့ပါဘူးလေ။
တချို့လူတွေကတော့ လှောင်ရယ်ချင် ရယ်လိမ့်မယ် ကိုယ့်ချစ်ရသူကို တခြားတစ်ယောက်လက်ထဲ ကိုယ်တိုင် ရက်ရက်ရောရော ထည့်ပေးတဲ့ကျွန်တော့်ကိုလေ။ ပိုပြီး လှောင်ရယ်မှာက ကိုယ်ပဲသိပြီး ခန့်ညားတောင်မသိတဲ့ ရိုးရှင်း ဝမ်းနည်းတိုင်း အမြဲ သွားနေတတ်တဲ့နေရာလေးကို ကိုယ်တိုင် လိုက်ပို့ခဲ့တာကိုလေ။
အဲ့ဒီဟားတိုက်မဲ့လူတွေကို မေးချင်မိတယ်။ ကိုယ့်ချစ်ရသူက တခြားတစ်ယောက်ကို နှစ်နှစ်ကာကာချစ်နေတယ်ဆိုရင်ရော။ ပြီးတော့ ကိုယ့်ချစ်ရသူက ချစ်သောသူဟာ ကိုယ့်သူငယ်ချင်းအရင်းကြီးဖြစ်နေရင်ရော။ သူတို့ ဘယ်လိုလုပ်မလဲလို့။

YOU ARE READING
My Cherished Person (Mini story)
Short StoryZawgyi: 'ရိုးရှင်းခန့်ညားမင်း' ထဲက Supporting roleဖြစ်တဲ့ 'ရဲမာန်ခ' ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ။ အနေအေးပြီး ဆရာလည်းဖြစ်တဲ့ ကိုကို ခွန်းစည်သာကို ရဲမာန်ခ ဘယ်လို flirt မလဲ ဆိုတာ ဖတ်ရှူပေးကြပါနော်.... _/\_ Unicode: 'ရိုးရှင်းခန့်ညားမင်း' ထဲက Supporting r...