_2_

24.7K 3K 203
                                    

[Zawgyi]

ကားထဲတွင်​လည်းအသံတိတ်​​နေမိသူTae hyung၊
သူဘာဖြစ်​​နေတာလဲ သူ့ကိုယ်​သူလည်းမစဉ်းစားတက်​​တော့။

"က​လေးကဒီလမ်းမှာ​နေတာလား"

စိတ်​နဲ့လူနဲ့မကပ်​တဲ့အချိန်​ထိုစကားသံ​ကြောင့်​သတိပြန်​ကပ်​လိုက်​ရသည်​။

"ဗျာ ဟုတ်​ ကျ​နော်​ကဒီလမ်းမှာ​နေတာ
ဒါ​ပေမယ့်​ ဦးကို​တော့တစ်​ခါမှမမြင်​ဖူးဘူး"

"အာ ဟုတ်​တယ်​ ဦးကဒီ​နေ့မှဒီလမ်းကို​ရောက်​ဖူးတာ ဘယ်​လို​ပြောရမလဲ ဦးလက်​ထပ်​ရမယ့် ​မိန်းက​လေးရဲ့မိသားစုနဲ့ရင်းနှီး​အောင်​သူတို့အိမ်​မှာလာတည်းမလို့"

"ဗျာ"

မဟုတ်​မှလွဲ​ရော ဦးကငါ့အန်​တီနဲ့လက်​ထပ်​မဲ့သူဆိုတာလား။

"ဒါဆို ဦးက Jeon Jung Kook​ဆိုတာလား"

Tae hyungရဲ့စကားတွင်​အံအားသင့်​သွားတဲ့ထိုအမျိုးသား။

"အင်း ဟုတ်​တယ်​ ဦးနာမည်​ကJeon Jung Kook
က​လေးကဘယ်​လိုလုပ်​ပြီး?"

ဘာလို့လဲ ဦးကဘာလို့ငါ့အန်​တီလက်​ထပ်​မယ့်​သူဖြစ်​​နေတာလဲ ​နေပါဦး ငါက​ရော ဘာလို့ရင်​​တွေပူ​နေတာလဲ
မဟုတ်​ဘူး ဦးငါ့အန်​တီနဲ့လက်​ထပ်​လို့မဖြစ်​ဘူး

"က​လေး ဦး​မေး​နေတယ်​​လေ ဦးကိုဘယ်​လိုသိတာလဲလို့"

တစ်​​ယောက်​တည်းအ​တွေး​တွေနဲ့ချာချာလည်​သွားလိုက်​တာ
Jeon​ပြော​နေတာ​တောင်​Tae hyungမကြားလိုက်​။
ပြီးမှ

"ဗျာ ကျ​နော်​ကအန်​တီKim Seo inရဲ့တူ
Kim Tae hyungလို့​ခေါ်ပါတယ်​"

"ဟုတ်​လား တိုက်​ဆိုင်​လိုက်​တာ မဟုတ်​ရင်​​တောင်​ဦးက
က​လေးကိုအိမ်​ကိုလာဖို့အိမ်​နံပါတ်​​မေ့​နေလို့Seo inကိုဖုန်း​လှမ်းဆက်​​တော့မလို့ ။အခုဆက်​စရာမလို​တော့ဘူး​ပေါ့
အာ အစ်ကို့​ကိုအားနာစရာ​တွေဖြစ်​​တော့မယ်​ က​လေးဒူးကဦး​ကြောင့်​"

"ရပါတယ်​ အဲ့​လောက်​ကြီးလည်းဒဏ်​ရာကမများပါဘူး"

ခဏ​လောက်​အကြာတွင်​Tae hyungတို့အိမ်​ဆီကို​ရောက်​လာ​လေပြီ ။ကားအားဟွန်းတစ်​ချက်​တီးလိုက်​​တော့ခြံအ​စောင့်​ကတံခါးလာဖွင့်​​ပေး၏။

Uncle.Jeon//KV[COMPLETED]Where stories live. Discover now