_9_

22.5K 2.9K 303
                                    

[Zawgyi]

"​တော်​ပြီTae hyung..."

ပုခုံးက​နေတွန်းထုတ်​လိုက်​တဲ့Jeon​ကြောင့်​​နောက်​ဆုတ်​သွားရတဲ့Tae hyung....
ထိုအခါမှသူ့ကိုယ်​သူသတိဝင်​​တော့သည်​....

"ကျ​နော်​​တောင်းပန်​ပါတယ်​ ဦး...ကျ​နော်​မရည်​ရွယ်​.."

"မင်းကိုယ့်​အခန်းကိုယ်​ပြန်​တာ​ကောင်းမယ်​"

ဦးကနှင်​ထုတ်​တယ်​တဲ့...
ကျ​နော့်​ကို​လေ...

ဘယ်​ကမှန်းမသိတဲ့ မျက်​ရည်​​တွေကပါး​ပေါ်ကိုစီးကျလာတယ်​..Jeonကကုတင်​​ပေါ်မှဆင်းကာTae hyungဖက်​ကို​ကျော​ပေးပြီးရပ်​​နေ၏...

Jeon​ခေါင်းထဲမှာလည်းလုံးဝပူထူ​နေရသည်​...
ဒီ​က​လေးသူ့ကိုတွယ်​တာ တာကိုရိုးရိုးသားသားလို့ပဲသူထင်​ခဲ့တာ....
အခု​တော့မဖြစ်​သင့်​တာ​တွေ.....

"ဟို​လေ.....ကျ​နော်​ဦးကိုစ​တွေ့ကတည်းက"

"ဦး​ပြော​နေတယ်​Tae hyung....မင်းအခန်းကိုပြန်​လိုက်​ပါ​တော့...."

က​လေးလို့အမြဲ​ခေါ်​တတ်​တဲ့ဦးကကျ​နော့်​ကို"မင်း"ဆိုတဲ့နာမ်​စားသုံးတယ်​....
ဘာပဲဖြစ်​ဖြစ်​...ဒီအချိန်​မှာ​တော့ဦးကိုဘာမှဆက်​​ပြောလို့ရ​တော့မှာမဟုတ်​ဘူး...

ပွင့်​​နေ​သောစာအုပ်​​လေးကိုယူကာအခန်းထဲမှထွက်​သွားတဲ့Tae hyung.....

Tae hyungထွက်​သွားမှJeonလည်းကုတင်​​ပေါ်ပြန်​ထိုင်​ချလိုက်​ကာဆံပင်​တို့အားအသားကုန်​ထိုးဖွမိသည်​....

ဒီက​လေးနဲ့သူနဲ့အဲ့​နေ့ညကမှားခဲ့ကြ​သေးတယ်​​ပေါ့....

နုနယ်​​သေးတဲ့အရွယ်​​လေးသာမန်​စိတ်​က​စားတဲ့ပုံစံနှင့်​တူမ​နေ​ချေ....ဒီအဆင့်​ကြီးအထိ​တောင်​ဖြစ်​ခဲ့တယ်​...
ဒီ​က​လေးရဲ့စိတ်​ထဲမှာအ​ရောင်​​တွေ​ပြောင်း​နေတာပဲ....

အရင်​ကလိုဆက်​​ဆံ​ရေးမျိုးက​တော့လုံးဝပြန်​ဖြစ်​မည်​မဟုတ်​ပါ....
သူTae hyungကိုတာဝန်​ယူရမှာလား...

သူသာTae hyungကိုတာဝန်​ယူလိုက်​ရင်​...
နောက်​လမှာပြုလုပ်​မယ့်​Seo Inနဲ့သူ့ရဲ့မင်္ဂလာပွဲက?

Uncle.Jeon//KV[COMPLETED]Where stories live. Discover now