_8_

21.3K 2.5K 229
                                    

[Zawgyi]

"အိုမို ကြည့်​ပါဦး.....ဟဲ့....အရမ်းလှတယ်​မထင်​ဘူးလား"

Wedding ဝတ်​စုံအစမ်းဝတ်​ထား​သော Seo inအားဝန်​ထမ်း​ကောင်​မ​လေး​တွေက ​မြှောက်​ပင့်​​ပြောဆို​နေကြသည်​...

"မမနဲ့အရမ်းလိုက်​တာပဲ....."

Seo inက​တော့သူ့ကိုသူမှန်​ထဲပြန်​ကြည့်​ရင်းပြုံးလို့ရွှင်​လို့ပါရယ်​....
လက်​ထပ်​ပွဲက​အမှန်​ဆို​နောက်​နှစ်​လ​နေမှဆို​ပေမယ့်​..
Seo inကJeonကိုစိ​တ်​မချမှု​ကြောင့်​Mr.Kimအားမလှိမ့်​တစ်​ပတ်​လုပ်​ပြီး​နောက်​တွင်း​ကျင်းပရန်​စီစဉ်​လိုက်​ခြင်းပင်​....
အချိန်​ကအရမ်းမြန်​လွန်းသည်​​ကြောင့်​Jeonလည်း​ပြောချင်​​ပေမယ့်​မိန်းက​လေးရှင်​ကိုအားနာသည်​နှင့်​​နောက်​လတွင်းလက်​ထပ်​ရန်​သ​ဘောတူလိုက်​သည်​....

အခုလည်းSeo in ဝတ်​စုံဝတ်​ကြည့်​​နေတုန်းJeonကအဝတ်​လဲခန်းအပြင်​ဖက်​ရှိSofaတစ်​ခု​ပေါ်တွင်​ထိုင်​​စောင့်​​နေသည်​....

သိပ်​မကြာလိုက်​ပါဘူး....
Jeon၏​ရှေ့တည့်​တည့်​ကခန်းစီးသည်​​ဖြေး​ဖြေးချင်းပွင့်​လာသည့်​​နောက်​ ​သေ​သေချာချာပြင်​ဆင်​ခြယ်​သထား​သောSeo inကို​တွေ့လိုက်​ရပါသည်​....

ကိုနှင့်​လက်​ထပ်​မယ့်​မိန်းက​လေးဤမျှ​လှ​နေပါ​သော်​လည်းစိ​တ်​ခံစားချက်​တစိုးတစိမျှမဖြစ်​​သောကိုယ့်​ကိုကိုထူးဆန်း​နေမိသည်​မှာအမှန်​....

တင်းတင်း​စေ့ထားမိ​သောနှုတ်​ခမ်းပါးတို့အားအမြန်​ပြုံးလိုက်​ရင်း...

"ဘာမှကို​ပြောစရာမလိုဘူး Innie..."

"တကယ်​​လားJeon?"

Jeonသ​ဘောကျသည်​ဟုထင်​၍ပြုံး​ပျော်​​နေ​သောSeo in..
ဝန်​ထမ်းမ​လေးများကJeonကိုကြည့်​ပြီးတီးတိုး​ပြောဆိုကြသည်​...

"အဲ့ဒိအစ်​ကိုတကယ်​​ချောတာပဲ...."

"​အေးဟယ်​...လက်​ထပ်​ရ​တော့မှာ..နှ​မြောစရာ"

သူတို့စကားအားSeo inကကြားသွားကာမျက်​​စောင်းထိုးပြီးလှည့်​ကြည့်​​လေသည်​...
ကောင်​မ​လေး​တွေလည်း​ကြောက်​ပြီးပါးစပ်​​လေး​တွေပိတ်​ကာ​ခေါင်းငုံ့ထား​တော့သည်​...

Uncle.Jeon//KV[COMPLETED]Where stories live. Discover now