_12_

20.9K 2.6K 323
                                    

[Zawgyi]

ရှိုက်​ကြီးတငင်​ငို​နေ​သောက​လေးကိုလည်းပါးစပ်​မှအားမငယ်​ရန်​​ပြော​ပေးရင်းကားကိုလည်း​ဆေးရုံသို့သတိနဲ့​မောင်းနှင်​လာရသည်​ ၊ Tae hyung​ရောJeonပါမနက်​စာ​တောင်​မစားရ​သေး...

ဆေးရုံသို့​ရောက်​​သောTae hyungလက်​အား​သေချာဆုပ်​ကိုင်​ထားရင်းJeonက nurse တစ်​​ယောက်​ကိုအခန်းနံပါတ်​​မေး​လေ​တော့ emergency အခန်းထဲတွင်​သာရှိ​သေး​ကြောင်း​ပြောသည်​...

ထို့​ကြောင့်​ emergency roomဆီအ​မြန်​​ပြေးလာလိုက်​​တော့အခန်း​ရှေ့​တွေSeo Inက​ရောက်​နှင့်​​နေသည်​...

Seo Inကမျက်​ရည်​ဆက်​လက်​နှင့်​....
Jeonကို​တွေ့​တော့အားတက်​သွားသည့်​ဟန်​ဖြင့်​ကြည့်​သည်။

Seo Inဆီ​ရောက်​လာ​သော်​လည်းJeonကTae hyungလက်​ကိုလက်​တွဲမဖြုတ်​ခဲ့ပါ....

အခန်း​ရှေ့သို့အမြန်​သွားပြီး...

"Innie ​ရောက်​​နေတာကြာပြီလား..."

Jeon​မေးတာကိုSeo Inကအာရုံမ​ရောက်​..
သူ့မျက်​လုံးကJeonနဲ့Tae hyungလက်​ကိုင်​ထားသည်​ကိုသာကြည့်​​နေသည်​....

"Innie!"

"​သြော် ကြာပြီJeon ၊ Innie​ရောက်​​နေတာကြာပြီ အခုထိအခန်းထဲကဘယ်​သူမှထွက်​မလာ​သေးဘူး Jeon....Innieစိတ်​ပူလိုက်​တာ...ဟင့်​"

ပါးစပ်​ကလည်း​ပြောရင်းရုတ်​တရက်​Jeonကိုဖက်​တွယ်​ပြီးငို​လေသည်​ ။ ထို့အပြင်​Jeonနဲ့Tae hyungလက်​ကိုလည်းမသိမသာဖြုတ်​ပစ်​လိုက်​​သေးသည်​...

JeonကTae hyungကိုလှည့်​ကြည့်​​တော့Tae hyungခမျာစိတ်​နဲ့လူနဲ့ကပ်​ပုံမရ ။ Emergency roomအတွင်းသို့လှမ်းကြည့်​ရင်းငိုင်​တိုင်​တိုင်​....

Jeonကလည်းTae hyungကိုနှစ်​သိမ့်​​ပေးချင်​​ပေမယ့်
သူ့ကိုSeo inကဖက်​ထား​တော့ဘာလုပ်​ရမှန်းမသိ...

"အရမ်းစိတ်​ပူမ​နေပါနဲ့....ထိုင်​ပြီး​စောင့်​ကြရ​အောင်​.."

ကြံရာမရသည့်​အဆုံးSeo Inကို​ဖြေး​ဖြေးချင်းတွန်းထုတ်​ကာထိုင်​ခုံတွင်​ထိုင်​ရန်​​ပြောလိုက်​သည်​....

Seo inလည်း​ယောက်ျား​လေးဖက်​ကငြိုငြင်​သည်​​ကြောင့်​ရှက်​မိကာ ထိုင်​ခုံတွင်​သာသွားထိုင်​​နေလိုက်​သည်​...

Uncle.Jeon//KV[COMPLETED]Where stories live. Discover now