_21_

18K 2.4K 305
                                    

[Zawgyi]

Tae hyungကိုဖက်​ထားရင်းအိပ်​​ပျော်​သွားလိုက်​တာ
Sugaပြန်​လာလို့လာနှိုးမှသာနိုးသည်​...

"စကား​ပြောရ​အောင်​"

ထိုသို့​ပြောပြီးSugaကအခန်းအပြင်​ပြန်​ထွက်​သွား​လေသည်​..
Jeonကအိပ်​​နေ​သောသူ့က​လေးငယ်​အားတစ်​ချက်​ကြည့်​လိုက်​ပြီးနဖူးပြင်​ဆီသို့အနမ်း​ခြွေလိုက်​၏..

ပြီးမှအခန်းထဲကထွက်​လာခဲ့သည်​....
အခန်းတံခါးကိုပြန်​ပိတ်​လိုက်​သည့်​အချိန်​ရင်​ဖက်​တစ်​​နေရာက​နေတစ်​စုံတစ်​ခုကိုနှုတ်​ယူခံလိုက်​ရသလိုမျိုးခံစားချက်​...
မုန်းစရာ​ကောင်းလှသည်​....

"မင်းဘာ​တွေလုပ်​​နေပြန်​ပြီလဲJeon?"

Suga​ပြောသမျှအားလုံးကိုနှုတ်​ဆိတ်​စွာနား​ထောင်​​နေ​လေ​သူJeon...
ပြန်​​ပြောရမည့်​စကား​တွေကနည်းနည်းမှပင်​​ပေါ်ထွက်​မလာ..

"Tae hyungနဲ့ဘာပြဿနာ​တွေဖြစ်​ထားပြန်​တာလဲ?"

"ငါ......."

လည်​​ချောင်းတွင်​စို့နင့်​​နေ​သော
အပူတို့ကြားမှအားယူ၍ဆိုလိုက်​သည်​...

"ငါက​လေးကို ​ရှေ့မဆက်​ဖို့​ပြောခဲ့တာ"

"ဘာ?"

"ငါလက်​ထပ်​ပွဲကိုဖျက်​လို့မရဘူးSuga!
ငါလက်​ထပ်​ပွဲကိုဖျက်​လိုက်​ရင်​"

Jeon​ပြော​နေတဲ့စကား​တွေနဲ့
Jeonရဲ့အမူအရာကSugaကို
ဒေါသဖြစ်​​စေသည်​မှာအမှန်​...

"ဘာဖြစ်​လဲ မင်းလက်​ထပ်​ပွဲကို
ဖျက်​လိုက်​ရင်​ဘာဖြစ်​မှာမို့လို့လဲ"

"Seo In Kim Seo Inက က​လေးကို အရှက်​ခွဲလိမ့်မယ်​"

Jeonအသံ​တွေတုန်​​နေ​လေသည်​...

Sugaလည်းအံ့ဩသွားရသည်​...

"Seo Inကဟိုမိန်းမ မလား?"

Sofa​ပေါ်တွင်​​ခေါင်းငိုက်​စိုက်​ဖြင့်​ထိုင်​​သောJeonအားSugaက​မေးသည်​...
Jeonက​ခေါင်းညှိမ့်​ပြ​လေသည်​....

"​နေပါဦး....သူကTae hyungကိုဘယ်​လို?"

"သူ့ဖုန်း​ထဲမှာဗီဒီယိုတစ်​ခုရှိတယ်​Suga....ငါသူ့ကိုလက်​မထပ်​ရင်​အဲ့ဗီဒီယိုကိုonline​ပေါ်သူတင်​လိမ့်​မယ်​"

Uncle.Jeon//KV[COMPLETED]Where stories live. Discover now