4

9.4K 1.3K 51
                                    

Unicode;

"အလုပ်ကလည်း ခုထိ မဆင်းသေးဘူးလား မသိဘူး"

Jungkook ဂိမ်းဆော့နေရင်း နာရီလှမ်းကြည့်လိုက်သည်။ မနက် လေးနာရီခွဲတိတိ။ Jimin က ညဆိုင်းတခါမှ မဆင်းဖူးတဲ့သူမို့ ပြန်လာမယ့်လမ်းကို Jungkook စိတ်ပူမိသည်။ ဂိမ်းဆော့နေရာက ချက်ခြင်းရပ်လိုက်ပြီး အနွေးထည်လေးဝတ်ကာ တိုက်ခန်းအောက် ဆင်းလာလိုက်သည်။ မနက်လေးနာရီ ခွဲနေပေမယ့် ဆောင်းတွင်းမို့ အသွားအလာကျဲကာ မှောင်နေလျက်ရှိသည်။

ဟူး.. လူကောင်သေးသေးလေးနဲ့ တစ်ယောက်ယောက်က မ ပြေးသွားရင်တောင် လွယ်လွယ်လေးပါသွားမှာ...။

တိုက်ခန်းအောက်ထဲ ဟိုလျှောက်ဒီလျှောက်လိုက် ထိုင်ဖုန်းသုံးလိုက်ဖြင့် Jimin ပြန်အလာကို Jungkook မျှော်နေမိသည်။ ခပ်ဝေးဝေးကနေ တရွေ့ရွေ့လျှောက်လာတဲ့ ပုံရိပ်သေးသေးကို မြင်မှ Jungkook တိုက်ခန်းပေါ် ပြေးတက်လိုက်သည်။ အိပ်ခန်းထဲ တန်းပြေးဝင်ပြီး အပေါ်အနွေးထည်ချွတ်ကာ ကုတင်ထက် အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

'တီ.. တီ... တီ.. ဂျက်'

Jungkook တံခါးဖွင့်သံလေးကို နားစွင့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ Jimin အိမ်ပြန်ရောက်တော့ မှောင်မဲနေလေသည်။ မီးဖိုနား အရင်သွားပြီး ရေတခွက်သောက်ဖို့ပြင်လိုက်ရာမှ သတိထားမိတာ စားပွဲပေါ်က ထမင်းဝိုင်းပင်။ မနက်ကထားခဲ့တဲ့ မုန့်ဖိုးနဲ့အတူရှိနေတာကြောင့်

ဟိုကလေးကတော့ ဘာတွေ ဆန္ဒပြနေပြန်ပြီလဲ.. မုန့်ဖိုးလည်း မယူ မနက်ကပြင်ထားတဲ့ မနက်စာတောင် မစားဖူးလား မသိဘူး...။

တွေးရင်း Jimin အဝတ်အုပ်စောင်းအသေးလေးကို မ လိုက်သည်။ မနက်ကပြင်ထားတဲ့ ထမင်းဟင်းမဟုတ်ပဲ ကြက်ပေါင်တခြမ်း အရည်တချို့ဖြင့် ကြက်ပေါင်းပြုတ်ရည်လို့ ထင်ရတဲ့ ပန်းကန်လုံးလေး။

'ညဆိုင်းက ပြန်လာတဲ့အခါ ပင်ပန်းရင် နွေးသောက်ပါ
မုန့်ဖိုးကတော့ မလိုလို့ မယူတော့ဘူး'

Jimin ပြုံးမိသွားသည်။ တကယ်ပါ.. Jungkook က တကယ်ကို ကျွေးမွေးစောင့်ရှောက်ရကျိုးနပ်တဲ့ကလေး.. သူသာ အရင်လို ဖြူစင်ခဲ့ရင်..။

From Daddy to BoyfieOnde histórias criam vida. Descubra agora