20

9.9K 1.2K 131
                                    

Unicode;

"ဘယ်လို"

ရုတ်တရပ်မို့ Jungkook ကြောင်သွားကာ ထပ်မေးလိုက်သည်။ Jimin က လှဲနေရာမှ ထထိုင်လိုက်ပြီး ခေါင်းလေးငုံထားကာ မဆိုင်တဲ့ စောင်ကို လုံးချေရင်း

"မင်း ပြောသလိုပဲ နိုင်ငံခြားကိုသွားရင် ၃ နှစ်လောက် ကြာမယ်မလား.. အဲ့ဒါကြောင့်"
"ဟိုမှာ ကျွန်တော် နောက်တယောက်ထပ်ထားမှာ စိုးလို့ ဒီလိုလုပ်တာလား"

Jimin စကားမဆုံးခင် Jungkook ပါ ထထိုင်လိုက်ပြီး ဖြတ်မေးလိုက်တာကို Jimin က ဘာမှမဖြေပဲ ငြိမ်နေလိုက်သည်။ Jungkook က Jimin အင်္ကျီပြန်ဝတ်ပေးလိုက်ရင်း

"မစိုးရိမ်ပါနဲ့ ကျွန်တော့်ဘဝ တစ်လျှောက်လုံး Appa တစ်ယောက်ထဲကိုပဲ မျှော်ကြည့်ပြီး လာခဲ့ရတာပါ.. နောက်တစ်ယောက်ကို ချစ်ဖို့ဆိုတာ မဖြစ်နိုင်တော့လို့ ကျွန်တော့်ကို ယုံပါ"

Jungkook အင်္ကျီပြန်ဝတ်ပေးတာကို Jimin က လက်မခံသလို ရုန်းလိုက်ရင်း

"မင်းကို မယုံလို့ မဟုတ်ဘူး.. ဒီတိုင်း.. ငါ အရမ်း မလွမ်းရအောင် အမှတ်တရသေးသေး အဖြစ် ကျန်ခဲ့အောင် လို့ပါ"

Jungkook ပြုံးမိသွားသည်။ Appa ကလေ.. ကျွန်တော့်ထက် ၁၅ နှစ်ကြီးလို့သာပဲ.. သိပ်ကလေးဆန်တာ..။ Jimin က နှုတ်ခမ်းစူကာ ဂျိုပေးရင်း

"မင်း တကယ် ဘာမှ မလုပ်ဘူးလား"

Jungkook ဘာပြန်ဖြေရမှန်း မသိ တွေဝေမိသည်။ အင်္ကျီမပါ ဗလာကျင်း ဖြစ်နေတဲ့ ရင်ဘတ်ဖွေးဖွေးလေးကို ကုန်းကိုက်ချင်စိတ်က တဖွားဖွား.. အပိုင်မသိမ်းပဲနဲ့လည်း မနေနိုင် အပိုင်လည်း မသိမ်းရက်.. ရူးတော့မယ် ထင်ပါရဲ့..။

Jungkook ဘက်က အတန်ကြာတဲ့ အထိ ဘာအဖြေမှ ပြန်မလာတာကြောင့် Jimin အသက်ဝဝရူလိုက်ကာ

"မင်း တကယ် ဘာမှ မလုပ်ဘူးပေါ့.."
"Jimin ssi.. ကျွန်တော်.."
"ရတယ် မင်း မလုပ်ရင် ငါလုပ်မယ်"

Jungkook ရင်ဘတ်ကို စောင့်တွန်းပြီး အပေါ်ကနေ တက်ထိုင်လိုက်ကာ Jungkook ရဲ့ ညဝတ်အင်္ကျီ ကြယ်သီးကို တစ်လုံးချင်းစီ ဖြုတ်နေလိုက်သည်။ ကြယ်သီးဖြုတ်နေတဲ့ လက်တွေ တုန်ယင်နေတာကြောင့် Jungkook လည်း Jimin မေးစေ့လေးကို ကိုင်ကာ ခေါင်းငုံထားရာကနေ မော့စေလိုက်သည်။ ထင်ထားတဲ့အတိုင်း မျက်ရည်စိုနေတဲ့ မျက်ဝန်းလှလှလေးတို့က ဆီးကြိုလျက် ရှိသည်။

From Daddy to BoyfieWhere stories live. Discover now