5

9.1K 1.2K 58
                                    

Unicode;

"ဒီနေ့ ဘာလို့ တက်ကြွနေတာလဲ"

စတိုဆောင်မှာ Stock စစ်နေတဲ့ Jimin အနား Seokjin တိုးရင်း မေးလိုက်သည်။ Jimin က ရယ်လျက်

"ဘာကိုလဲ.."
"မနေ့ကနဲ့ မတူပဲ ပြုံးရွှင်ပြီး တက်ကြွနေလို့"

Jimin က ရယ်လျက် ခေါင်းခါရင်း

"Hyung တော်တော် အားနေတာပဲ.. တစ်နေ့တစ်နေ့ ရုံးလာပြီး ကျွန်တော့်မျက်နှာ အနေအထားကို သေချာကြည့်နေတာဆိုတော့.. ကျွန်တော့်ကို အဲ့လောက်တောင် သဘောကျလား"
"Ya.. ငါက Kim Namjoon ယောကျ်ားလေ ဘယ်သူက ငါ အလုပ်မလုပ်တာကို လာ အပြစ်ပြောရဲမှာလဲ ဟင်း ဟင်း.. ထားပါ Jungkookie နဲ့ ပြန်တည့်သွားပြီလား"

Jimin က ပြုံးလျက် ခေါင်းညိမ့်ပြလိုက်တော့ Seokjin က ဂြိုလ်ပေးရင်း

"အဲ့ဒါကြောင့် ငါပြောပါတယ် Jungkookie က လိမ္မာပါတယ်ဆို မင်းသာ ကလေးကို အရမ်း စိတ်ပူမနေနဲ့"
"အင်း.. ကျွန်တော်တို့ Jungkook က အရမ်း အရမ်း အရမ်း လိမ္မာတယ်"

Jimin က ဂုဏ်ယူဝင့်ကြွားပြောလိုက်တာကြောင့် Seokjin မျက်စောင်းထိုးမိသည်။ နောက်မှ သက်ပြင်းချရင်း

"ဟူး... အားကျလိုက်တာ ငါလည်း Namjoon နဲ့ ကလေးမွေးစားတော့မယ်"

Jimin နဲ့ Seokjin စကားပြောပြီး ရယ်မောနေတဲ့ Stock ဆောင်လေးထဲ Namjoon ဝင်လာသည်။

"Seokjin Hyung နဲ့ Jimin လေး ခဏ"
"ဘာလို့လဲ"

Seokjin က ရန်ထောင်သလို ပြန်မေးလိုက်တာကို Namjoon က မမူသလို ပြုံးလျက်

"စားဖိုမှူးအသစ်နဲ့ မိတ်ဆက်ပေးမလို့ပါဗျာ"

Jimin က ရယ်လျက် Seokjin လက်မောင်းကို တချက် လှမ်းရိုက်လိုက်မိသည်။ Namjoon ထွက်သွားမှ

"Hyung ကလည်း Namjoon Hyung ကို အရမ်းနိုင်တာပဲ.. အလုပ်ချိန်အတွင်းတော့ Namjoon Hyung က Hyung ရဲ့ အထက်လူကြီးလေ Hyung က စကားနားထောင်ရမှာပေါ့ ဘာလို့ပြန်ရန်ထောင်နေတာလဲ ဟိုက အကြောင်းမရှိပဲ ခေါ်ပါ့မလား"
"Aigoo.. အမြင်ကတ်လိုက်တာ အမေလို လေသံနဲ့ ဟွန်း အဲ့လိုလေသံနဲ့လေ Jungkookie ကိုပဲ သွားပြော ငါ့လာမပြောနဲ့ ငါလည်း မင်းရဲ့ အထက်လူကြီးပဲ"

စိတ်ဆိုးသလို ခြေဆောင့်ထွက်သွားတဲ့ Seokjin နောက်ကို Jimin က ရယ်လျက် ပြေးလိုက်ရင်း

From Daddy to BoyfieDonde viven las historias. Descúbrelo ahora