10

8.7K 1.1K 88
                                    

Unicode;

လည်တိုင်နားတဝှိုက် တိုက်ခတ်လာတဲ့ လေပြေအေးအေးလေးက ကြက်သီးထဖွယ် ကောင်းလှသည်။ နှုတ်ခမ်းကို လာထိတွေ့တဲ့ နူးနူးညံ့ညံ့ အထိအတွေ့တွေကြောင့် Jimin ခန္ဓာတစ်ခုလုံးတုန်သွားသည်။ ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေခြင်းက ကြောက်တာကြောင့်လား တစ်ခါမှ မကြုံဖူးသေးလို့လားတော့ မသိ။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ဖို့ ကြိုးစားလိုက်သည်။ Jimin ကိုယ်ပေါ် အုပ်မိုးထားတဲ့ အပေါ်ပိုင်း ဗလာကျင်းဖြင့် Jungkook။

"Jungkook.."

Jimin အလန့်တကြားပြောလိုက်ပေမယ့် အသံတိုးတိုးလေးရယ်။ Jungkook က ဘာမှပြန်မပြောပဲ တစ်ချက်ပြုံးပြပြီး Jimin နှုတ်ခမ်းကို သိမ်းပိုက်လိုက်သည်။ ဟင့်အင်း.. မဖြစ်သင့်ဘူးမလား။ Jimin အားကုန်ထုတ် ရုန်းကန်လိုက်ပေမယ့် ထိရောက်မှုမရှိခဲ့။ Jungkook က နှုတ်ခမ်းဖူးဖူးလေးအား စိတ်ကြိုက်ချယ်လှယ်ပြီးမှ လည်တိုင်သို့ ဆင်းလာသည်။

"ဟင့်အင်း.. မလုပ်ပါနဲ့ Jungkook ka"

Jimin ပြောတာကို Jungkook က ဂရုပင်မစိုက်။ မကြားချင်ယောင်ဆောင်သလား မကြားတာလားတော့ မသိ။ လည်တိုင်ဖွေးဖွေးလေးနား တဝိုက် အမှတ်အသားလေးတွေကို ပန်းချီကားတစ်ချပ်လို ချယ်မှုန်း ဖြည်းဖြည်းချင်း နေလေသည်။ Jimin လည်း တဖြေးဖြေးနှင့် ရုန်းဖို့ထက် ရင်ခုန်သံနောက် လိုက်ပါစီးမြောချင်စိတ်က များလာသည်။

ဟင့်အင်း.. ငါကတော့ ကိုယ့်ကိုကိုယ် ထိန်းရမယ် မလား..။ အတွေးတို့သာ ထပ်တလဲလဲတွေးနေမိတာ စိတ်သွားရာ ခန္ဓာမပါခဲ့ချေ။

"အာ့.. Jungkook"

ခန္ဓာကိုယ်ချင်း ချိတ်စက်မိချိန် Jimin ရင်ခုန်သံတွေ ပိုမြန်လာခဲ့သည်။ Jungkook လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။

"အင်း..Jungkook"
"Appa??"
"Jungkook"
"APPA"

Jimin လန့်နိူးလာခဲ့ကာ ငုတ်တုတ်ထထိုင်မိသည်။ ကုတင်ဘေးနား Apron ဝတ်ကာ ဇွန်းလေးကိုင်လျက် ကြောင်တောင်တောင်လေး ရပ်နေတဲ့ Jungkook ကြောင့် ပိုလန့်သွားသည်။

"မင်း.. မင်းက.. ဘာလို့.. ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲ ရောက်နေတာလဲ"
"Appa ရုံးနောက်ကျနေမှာစိုးလို့ လာနိူးတာ"

From Daddy to BoyfieDonde viven las historias. Descúbrelo ahora