16

9.1K 1.1K 84
                                    

Unicode;

'တီတီ တီတီ တီတီ တီတီ'

နိူးစက်သံကြားတာနဲ့ Jimin အိပ်ရာကနေ ကပြာကယာ ထကာ အလုပ်သွားရန် ပြင်ဆင်ဖို့ ကြိုးစားလိုက်သည်။ ဆောင်းရာသီရဲ့ မနက် ခြောက်နာရီခွဲမို့ အပြင်မှာ အလင်းပျိုးစ အချိန်ပင် ရှိသေးသော်လည်း ရေပူလှည့်ကာ ရေမြန်မြန် ချိုးလိုက်သည်။ စောစောထ အလုပ်သွားရသည့် အဓိကအကြောင်း ကတော့ Jungkook မနိူးခင် အိမ်က ထွက်နိုင်ဖို့အရေး ဖြစ်သည်။

ဟုတ်ပါသည်။ ဒီရက်ပိုင်း တနေ့ထက် တနေ့ ပိုပို ရဲတင်းလာတဲ့ Jungkook ကြောင့် ကြာရင် နှလုံးရောဂါပင် ရတော့မည် ခံစားရသည်။ ရင်ခုန်နေမိတဲ့ နှလုံးသားကိုပဲ အပြစ်တင်ရမလား ရဲတင်းလှတဲ့ ဟိုကလေးကို ပဲ အပြစ်တင်ရမလား မသိတော့။ သေချာတာကတော့ ကိုယ့်အပြစ်ပင်။ မူးလို့ အိပ်ပျော်နေပြီ အထင်ဖြင့် ရင်ထဲရှိသမျှ သွားဖွင့်ချခဲ့မိတဲ့ အပြစ်ပေါ့...။

ကိုယ်ကတော့ မွန်းကြပ်နေလို့ ရင်ဖွင့်မိတာ ဟိုကလေးမှာ မြောင်းဖောက်ပေးလိုက်တဲ့ အတိုင်းပဲ နေ့တိုင်း Hotel ကို အကြိုအပို့လုပ်နေတာ မသိရင် ကိုယ်က အငယ်ကျလို့။ သူလာကြိုတာကို ပြန်မလိုက်ချင်လို့ သွားစရာရှိပါတယ် ပြောရင်လည်း Appa ဘယ်သွားသွား လိုက်မယ်ဆိုကာ နောက်က တကောက်ကောက် လိုက်တတ်ပြန်သည်။ မထင်ရင် မထင်သလို လူကြားထဲ ဆွဲဆွဲ ဖက်တတ်သေးသည်။ ပြီးရင် သူမဟုတ်သလို အကြောင်းပြချက် တခုခု ပေးဦး လျောချသွားတာမျိုး။

မဖြစ်သင့်မှန်း သိပေမယ့် ကိုယ်တိုင်က ဒီကလေးကို ရင့်ရင့်သီးသီးကြီးလည်း မငြင်းရက်။ ကြာရင် အလုပ်က လူတွေကလည်း တမျိုးမြင်လာတော့မည်မို့ ခဏလောက်တော့ Jungkook ကို ရှောင်ဖို့ တွေးလိုက်မိသည်။ အဖေက သားကို ပြန်ကြောက်နေရတဲ့ ဘဝက မလွယ်ကူချေ။

ရေချိုးပြင်ဆင်ပြီးတာနဲ့ ခြေသံဖွကာ Jungkook မနိူးခင် အိမ်မှထွက်လာ နိုင်ခဲ့လိုက်သည်။ ဒီနေ့တော့ အရေးတော်ပုံ အောင်မြင်ခဲ့ချေပြီ။ ရုံးအဆင်းကိုလည်း ဘယ်လိုလှိမ့်ပတ် ပြေးရမလဲ တွေးနေမိသည်။

"Park Jimin စောလှပြီလား"

Seokjin စကားကို Jimin က ဖြေရခက်သလို ခေါင်းလေးကုတ်ကာ ရယ်နေလိုက်သည်။ Seokjin က အလိုမကျသလို ကြည့်ရင်း

From Daddy to BoyfieWhere stories live. Discover now