1

27.6K 1.7K 171
                                    

Unicode;

"ကျွန်တော် Appa ကို ချစ်တယ်"
"အဟွက်.. အဟွက်.. အဟွက်"

ညစာထမင်းစားဝိုင်းတွင် Jungkook စကားကြောင့် Jimin ထမင်းပင် သီးသွားတော့သည်။ သူထမင်းသီးသွားတာနဲ့ ပြာယာခတ်နေတဲ့ Jungkook ကို ကြည့်ရင်း ဆွံ့အနေမိသည်။ ရေခဲသေတ္တာထဲက ရေတစ်ဗူးပြေးယူပြီး ရေခွက်ထဲ ထည့်ပေးနေတဲ့ ကလေးကို Jimin ကြောင်ကြည့်နေမိသည်။

"သောက်လိုက်ဦး"
"အင်း"

Jimin ရေကို တငုံအရင် မော့သောက်လိုက်ရင်း Jungkook ကို ခိုးအကဲဖြတ်နေမိသည်။ အတူနေလာတာ Jungkook တသက်တာပဲ တခါမှ ချစ်တယ်လို့ မကြားဖူး.. ငယ်ငယ်ကတောင် မပြောခဲ့တဲ့ ကလေးက.. ဘာလဲ... ဧကန္တ ကျောင်းက မိဘခေါ်လို့လား...။ Jungkook တစ်ယောက် ပြောချင်တာပြောပြီး သူမဟုတ်သလို တည်တည်ငြိမ်ငြိမ် ထမင်းစားနေတာကြောင့် Jimin အသက်ဝဝရူလိုက်ရင်း

"Jungkook ka.. ကျောင်းမှာ တစ်ခုခု ဖြစ်ခဲ့လို့လား"
"ကျွန်တော်က ဘာဖြစ်ရမှာလဲ"
"ရန်ဖြစ်တာမျိုးပေါ့ မိဘခေါ်လို့လား"
"Appa.. ကျွန်တော် လူမိုက် မဟုတ်ပါဘူး"

Jungkook စကားကြောင့် Jimin ပြုံးလိုက်မိသည်။

"လူမိုက်မဟုတ်လို့ တော်သေးတာပေါ့ မင်းအထက်တန်းတုန်းက Appa က မင်းကြောင့် အတန်းပိုင်နဲ့ရော ကျောင်းအုပ်နဲ့ပါ ရင်းနှီးနေပြီ သိလား"
"အဲ့ဒါက ဟိုဘက်က ရန်လာစတာလေ.. ကျွန်တော့် အပြစ်မှ မဟုတ်တာ"

နှုတ်ခမ်းစူပြီး ခေါင်းငုံနေတဲ့ Jungkook ကို ကြည့်ရင်း Jimin ရယ်မိသည်။ ချစ်စရာကောင်းတာကတော့ သူ့အမေ Suji အတိုင်းပဲ။

"Aigoo.. ချစ်စရာလေး ငါတို့ Jungkookie လေးက"

Jimin Jungkook ဆံပင်ကို ဖွပြီး ပြောလိုက်သည်။ Jungkook က Jimin လက်ကို လှမ်းဖမ်းကာ ဆုပ်ကိုင်လိုက်သည်ကို Jimin ကြောင်ကြည့်နေမိသည်။ Jungkook က ခေါင်းငုံရင်း

"ကျွန်တော် Appa ကို ချစ်နေမိပြီ ထင်တယ်.. မဟုတ်ဘူး.. ချစ်တယ်"

Jimin က ပေါ့ပေါ့ပါးပါးပဲ ရယ်လိုက်ရင်း

"ဘာပူဆာစရာရှိလို့ ထူးထူးခြားခြား ဒီလောက် တဖွဖွပြောနေတာလဲ ဆိုပါဦး"
"အဲ့လို ချစ်တာ မဟုတ်ဘူး.. ချစ်သူ တစ်ယောက်လို ချစ်တာ"

From Daddy to BoyfieDonde viven las historias. Descúbrelo ahora